ကဗျာ

မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၅)

  မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၅)
(မိုးမခ) မေ ၅၊ ၂၀၁၅

ကြင်နာသနားခြင်း
ရင်တွင်းက စီးဆင်းလာတယ်။

မိစ္ဆာရိုင်း
သမိုင်း တခေတ်
ကျားဖြစ်တယ်
သပိတ်သား သမင်ကို
တွေ့မြင်တခဏမှာ
ကြင်နာသနား နိုင်ရဲ့လား။

ကျောင်းသားသပိတ်တပ်
ချီတက်ရာလမ်းဖောက်
ကျောက်ဆည်မြို့အထွက်
အသက်လှူဒါန်း
တိုင်းပြည်တွက် အံ့မခန်း
သရဏဂုဏ် တင်လိုက်ကြတယ်တဲ့။

ကိုယ်ကျိုးစွန့် အသက်စွန့်
နောက်မတွန့် နောက်မရွှံ့
လူ့အသက် နှစ်ခါမသေဘူး
မြင့်မြတ်စွာသေခြင်း
တိုက်ရင်းနဲ့အရယူမယ်
အဲဒီ စိတ်ဓါတ်
သတ္တိခွန်အား
ကြီးမားသူတွေပေါ့။

အမှန်တရား အသည်းနင့်အောင်ချစ်
တိုင်းပြည်နဲ့လူမျိုး ချစ်လွန်းလို့
လွတ်လပ်ရေး
လေးစားမြတ်နိုးလွန်းလို့
သတ္တိကောင်းတဲ့
ခွပ်ဒေါင်း ကျောင်းသား
သပိတ်တပ်သား ဖြစ်လာခဲ့တယ်။

စစ်ဆူး စစ်ဘီလူး
သပိတ်တပ်ဦး ရင်ဆိုင်တိုးမယ်
ခုခံကျော်လွှားမယ် အသေအချာ
လာဟေ့ ….. လာဟေ့ ….. ချီတက်ကြ။

မောင်စိုးချိန်
ဖေဖေါ်ဝါရီ  ၁၈- ၂၀၁၅

သရုပ်ဖော်ပန်းချီ သန်းဌေးမောင်

ကျောင်းသားသပိတ် အရေးတော်ပုံ (၁)
ကျောင်းသားသပိတ် အရေးတော်ပုံ (၂)
ကျောင်းသားသပိတ် အရေးတော်ပုံ (၃)
ကျောင်းသားသပိတ် အရေးတော်ပုံ (၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts