ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ -“ အလွယ်ဆုံးတူးဖော်မိတဲ့ အရာ”


aung htet

ဆောင်းယွန်းလ -“ အလွယ်ဆုံးတူးဖော်မိတဲ့ အရာ”

(မိုးမခ) ဧပြီ ၂၅၊ ၂၀၁၅

ပျော်ရွှင်ခြင်းဟာ

ခပ်ဝေးဝေး ဘူတာထဲ

လက်မပြပဲ ဆင်းကျန်နေရစ်ခဲ့တယ်….

ရောက်လက်စ မှတ်တိုင်မှာ

ရလက်စ သောကတဝတ်ကို

ထုပ်ပိုးရင်း ဆင်းဖို့ ကြံမိပြန်သလား…

ခပ်နက်နက်တူးဆွမိမှု အတွေးထဲက

မနက်ဖြန်ဆိုတာကကော

ပုံမှန်တွက်ချက်ထားပြီးသား

ပုံသေကားတချပ်မှ မဟုတ်ပဲ….

မိုးသည်းရင် သည်းနေမယ်…

နေပူရင်လည်း ပူပြီး

နှင်းခဲရင်လည်း ခဲနေလိမ့်မယ်…

တကယ်ဆိုရင်

အားလုံးဟာ

အပြန်ခရီးကို အသွားအမှတ်နဲ့ 

အမြန်စီးနေကြသူတွေချည့်ပါပဲ…

ကိုယ့်ခရီး သူ့ ကိုဖဲ့ပေးမရသလို

သူ့ ခရီးလည်း ကိုယ်ဖဲ့ယူလို့ မရနိုင်ဘူး…

ခရီးတထောက် မီးမတောက်ခင်မှာ

တယောက်လက်ထဲက ရေတခွက်

တယောက်တဝတ် သောက်ကြရင်

မကောင်းဘူးလား….။

 

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts