သတင်းပဒေသာ

ဖမ်းဆီးခံကျောင်းသားများက မိမိတို့အပြစ်မရှိကြောင်း၊ လွှတ်တော်ကို စောင့်ကြည့်မည်နှင့် ဒေါ်စုနဲ့ တသဘောတည်း ရပ်တည်မည်ဟု ထုတ်ပြန်

ဖမ်းဆီးခံကျောင်းသားများက မိမိတို့အပြစ်မရှိကြောင်း၊ လွှတ်တော်ကို စောင့်ကြည့်မည်နှင့် ဒေါ်စုနဲ့ တသဘောတည်း ရပ်တည်မည်ဟု ထုတ်ပြန်
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၅

လက်ခံရရှိသည့် သတင်းထုတ်ပြန်ချက်တခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဖမ်းဆီးခံကျောင်းသားများ၏သဘောထားကြေငြာချက်
လက်ပံတန်း။ ၉ ရက်၊ ဧပြီ၊ ၂၀၁၅။ ၁၂၀၀ နာရီ။

၁။ အများပြည်သူရှေ့စစ်ဆေးသောတရားခွင်ဖြစ်သင့်ပါသည်။ တရားစီရင်ရေး အားနည်းချက် များနှင့်ကြုံတွေ့ နေရပါသည်။ တရားသူကြီးကိုယ်တိုင်လုပ်ပိုင်ခွင့်မရှိသည့် အခြေအနေများကြောင့် မိဘဆွေမျိုးများနှင့် ပြည်သူများကြားနာနိုင်ခြင်းမရှိဘဲ လုံခြုံရေးအင်အားအများအပြားသုံးပြီး ရှေ့နေ၊ တရားခံနှင့်တရားသူကြီးသာ တံခါးပိတ်စစ်ဆေးသောတရားခွင်ဖြစ်နေပါသည်။ မှန်ကန်သော ပွင့်လင်းသောအများရှေ့မှောက်စစ်ဆေးခွင့်ရရှိသည့်တရားခွင်အခြေအနေမျိုးရလိုသည်။

၂။တရားစွဲရာတွင်လည်း ဥပမာ ပုဒ်မ (၁၈) ဆိုလျှင် သပိတ်စစ်ကြောင်းဖြတ်ကျော်သွားသည့် မြို့နယ်တိုင်းတွင် စွဲခံရရာအငြိုးတကြီးဖြင့်အမှုကိုမကြီးကြီးအောင် ရည်ရွယ်ချက်ဖြင့် ချဲ့နေသည်ဟုခံစားရပါသည်။

၃။ ဖမ်းဆီးခံကျောင်းသားများနှင့်ပြည်သူများအတွက် ပြုလုပ်ကြသော အပြစ်မဲ့သည့် ဆုတောင်းပွဲ၊ ကပ်ခွာစာတမ်း (sticker campaign)၊ ဆန္ဒ ထုတ်ဖော်ပွဲ၊ ထောက်ခံပွဲ တို့ကို လည်း အင်အားသုံး ဖမ်းဆီမှုများ ပြုလုပ်နေသည်ကိုကြည့်ခြင်းဖြင့်ရန်ငြိုးထာခံရသည့်ပုံပေါ်လွင်နေပါသည်။

၎။ မိမိတို့မှာအစိုးရကိုဆန့်ကျင်နေကြခြင်းမဟုတ်ပါ။ ရိုးရိုးသားသားဖြင့်တိုင်းပြည်တိုးတက် ရန်ပြုလုပ်ရသော ပြုပြင်ပြောင်းလဲရေးတွင် ပညာရေးကစပြီးပြုပြင်မှသာဖြစ်မည်ဟု ယုံကြည်ကြသည့်အတိုင်း မိမိတို့၏ ဆန္ဒ ကို တိုင်းပြည်အတွက် ငြိမ်းချမ်းစွာ ထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပါသည်။

၅။အစိုးရဘက်မှထားရှိခဲ့သောအကြမ်းဖက်နှိမ်နင်းခြင်းမပြုဟူသောကတိကိုယုံကြည်လေးစားခဲ့သဖြင့် သပိတ်ကိုဆက်လက်လုပ်ဆောင်ခဲ့ရာတွင် မိမိတို့ဘက်မှ နေ၍ သပိတ်အစမှ အဖမ်းခံကြရချိန်အထိ တလျောက်လုံးတွင် မည်သည့်အခါကမျှ ဆဲဆို၊ ရန်မူ၊ ရိုက်နှက်ခြင်းများ ဘယ်အခါကမှမရှိခဲ့ပါ။

၆။ယခု အဖြစ်အပျက်မှာ မိမိတို့မှအကြမ်းဖက်ခံရခြင်းဖြစ်သည်။ လှည်းတန်း၊ ကမာရွတ် ဆန္ဒပြမှုများဖြစ်ခဲ့သည်မှာ ပေးထားသောကတိဖျက်ခံရပြီး ပင်မသပိတ်အကြမ်းဖက်ခံ ရသောကြောင့်ဖြစ်သည်။

၇။ယခု စွပ်စွဲ ဖမ်းဆီးခံ ကျောင်းသားများနှင့်ဝိုင်းရံပြည်သူများအား စွဲချက်တင်ထားသည့်ပုဒ်မ ငါးခု ( ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅ (ခ) ) ကိုကြည့်လျှင် ၎င်းပြစ်မှုများကိုမိမိတို့ မကျူးလွန်ခဲ့ကြောင်း၊ ၎င်းပုဒ်မများအားလုံးနှင့်မည်သို့မျှ ပြစ်မှုမမြောက်ကြောင်း ရဲဝံ့စွာပြောလိုပါသည်။

၈။ ပြည်သူလူထုနှင့်နိုင်ငံတကာမှ တောင်းဆိုနေသည့်ကြားမှ မိမိတို့ကို ဆက်လက်ဖမ်းဆီးထားခြင်းမှာ မြန်မာနိုင်ငံ၏လက်ရှိဆောင်ရွက်နေသည့်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုနိုင်ငံတကာမှအထင်မှားစေပြီး၊ ပြည်သူလူထုမှလည်းအစိုးရကိုအကြည်ညိုပျက်စေသကဲ့သို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး (National Reconciliation) မူ ကိုလည်း များစွာထိခိုက်စေပါသည်။

၉။ လက်ရှိမိမိတို့သည် NNER ၏ မူအတိုင်းသာဆက်သွားမည်။

၁၀။ တောင်းဆိုထားသောအချက်များကို လွှတ်တော်မှမည်သို့ဆက်လက်ရေးဆွဲမည်ကိုစောင့်ကြည့်မည်။

၁၁။ ထည့်သွင်းပြောလိုသည်မှာ  မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့်သဘောထားတစ်ထပ်တည်းရှိမည်။ ရွေးကောက်ပွဲကိုသပိတ်မှေက်ပါက ၎င်း၏နောက်တွင်မိမိတိုရပ်တည်မည်။ ၎င်း အနေဖြင့်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ပါကလည်း NLD ကိုမဲပေးစေရန် မိမိတို့ အနေဖြင့် ပြည်သူလူထုအား တိုက်တွန်း ကြိုးစားသွားမည်ဖြစ်သည်။ တိကျစွာပြောလိုသည်မှာ မိမိတို့အားလုံးနှင့် ဒီမိုကရေစီအင်အားစုများသည်သွေးမကွဲဘဲတစ်စုတစည်းတည်းတည်ရှိသည်။

ဖမ်းဆီးခံကျောင်းသားများကိုယ်စား

မင်းသွေးသစ်၊ ဖြိုးဖြိုးအောင်၊ နန္ဒာစစ်အောင်

(Photo – Yan Naung (Botahtaung))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖမ်းဆီးခံကျောင်းသားများက မိမိတို့အပြစ်မရှိကြောင်း၊ လွှတ်တော်ကို စောင့်ကြည့်မည်နှင့် ဒေါ်စုနဲ့ တသဘောတည်း ရပ်တည်မည်ဟု ထုတ်ပြန်
  1. စတိဂျော့ (ကွယ်လွန်) Apple founder – Stevie George ကပြောတယ်။
    လောကကြီးဟာ မတရားပါဘူး။ ဟုတ်ပါတယ်။ မင်းကိုနိုင်၊ ကိုကိုကြီး၊နီလာသိန်း..အများကြီး မင်းကိုနိုင်၊ ဒေါ်အောင်ဆန်းစုကြည် တို့ဆို မတရားစွာချုပ်နှောင်ခြင်း အနှစ်၂၀ ကျော် ခံခဲ့ရပါတယ်။ အခုခေတ်မှာ မတရားလို့ ဆန္ဒပြနေသူများကို အမိန့်မနာခံမှုနဲ့ ဖမ်းဆီးထောင်ချပါတယ်။ အထင်ရှားဆုံး လတ်တလော ဥပမာ သာသနာဝန်ကြီး ဦးဆန်းဆင့် (ဗိုလ်ချုပ်ဟောင်း) ဖြစ်ပါတယ်။ ပုဒ်မကတော့ အမိန့်မနာခံလို့ ..ဆိုပဲ..။ မတရားမှုမှာ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး၊ အဖမ်းချုပ်မခံပဲ နေသူများစွာ ရှိပါတယ်။ တစ်လ၊ တစ်နှစ် အဖမ်းခံရသူ အားလုံးကို သတိရဆုတောင်း၊ ထောင်ဝင်စာတွေ့၊ ကြိုးစားပေးပြီး၊ အမြန်ဆုံးလွတ်မြောက်ဖို့ မျှော်လင့်ပါတယ်။

Comments are closed.