ကဗျာ မင်းညွှန့်လှိုင်

မ င်း ညွှ န့် လှို င် –ေ နွ ဇာ တ် ညွှ န်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 
မ င်း ညွှ န့် လှို င် –ေ နွ ဇာ တ် ညွှ န်း
(မိုးမခ) ဧပြီ ၆၊ ၂၀၁၅

ဟို..အဝေးဆီက
တံလျှပ်ဝေဝေ
ရင်ကွဲပက်လက်လယ်ကွင်းထဲ
ဖားလေးတစ်ကောင်သီချင်းပျောက်နေတယ်
နွေဟာ
တိတ်ဆိတ်ဂီတနောက်ခံနဲ့ …။

ဖုန်မှုန့်ဖွေးဖွေးစာကြည့်စားပွဲပေါ်
ကံ့ကော်ပန်းခြောက်တစ်ပွင့်
ဒိုင်ယာရီကြားထဲညှပ်လို့
ဥသြတွန်သံကိုလွမ်းဖော်ပြုနေရဲ့ …။

လမ်းဘေးရေခဲမုန့်သည်လည်း
တငွေ့ငွေ့တောက်လောင်
လေအေးစက်တပ်မှန်လုံခန်းထဲ
အဆီတုံးကြီးလည်းအေးစက်လောင်မြိုက်
နွေဟာ
ကိုယ်ခွဲတွေအများကြီးနဲ့ …။

ဝင်းဝင်းညီးညီးနွေနေရောင်လေ
နေကြာပန်းတွေခေါင်းငုံ့အောင်မဝင်းနိုင်
အနီထဲကကြယ်ဖြူ မှိန်အောင်မပြင်းနိုင်
အဝေးပြေးအိပ်မက်နဲ့ ခြေထောက်တွေ
နေစားမခံတဲ့ခွပ်ဒေါင်းတွေ
စွေးစွေးမောင်းမောင်း တောက်စားလို့ ….။

ရွက်ကြွေသောသောနောက် လိုက်ပါဖို့
စာမျက်နှာဟောင်းတချပ်ဟာ
နွေလေရူးနဲ့ တလှုပ်လှုပ် ။

Photo – Aung Htet

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts