Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – အူရီဒူးမြန်မာက အချိုဆုံး ဈေးချပြီ



ရန်နောင်(ဗိုလ်တထောင်) – အူရီဒူးမြန်မာက အချိုဆုံး ဈေးချပြီ

(မိုးမခ) ဧပြီ ၄၊ ၂၀၁၅

အူရီဒူးမြန်မာက သုံးစွဲသူမိဘပြည်သူများအတွက် တစ်မိနစ် ဖုန်းခေါ်ဆိုခ ၂၅ ကျပ်မှ ၂၀ ကျပ်သို့ အထူးလျှော့ဈေး ၂၀၁၅ ဧပြီလမှစ၍ သတ်မှတ်လိုက်ပြီဖြစ်သည်။

တမိနစ် ၂၀ကျပ်နှုန်းကို ရယူနိုင်ရန်အတွက် 5555 ကို  RED ဟု စာတို SMS ပေးပို့ရမည်ဖြစ်ပါသည်။ အူရီဒူးမြန်မာ၏ ဖုန်းခေါ်ဆိုခအထူးလျှော့ဈေး ဝန်ဆောင်မှုကို လစဉ် (ရက်၃၀) စာရင်းသွင်းခ ၅၀၀ ကျပ်အဖြစ် ဖုန်းငွေဖြည့်ကဒ်အတွင်းမှ ကောက်ခံသွားမည်ဖြစ်သည်။

၂၀၁၅ ဧပြီလ အထူးအစီအစဉ်အနေဖြင့် ဧပြီလအတွင်း ၂ ရက်နေ့ နံနက် (သန်းခေါင်ကျော်) ၀၀း၀၁ နာရီမှစ၍ ၃၀ ရက်အထိ ယင်း ဝန်ဆောင်မှုကို စတင်သုံးစွဲပါက သုံးစွဲသည့်ရက်မှ ၁၅ ရက်တိုင်တိုင် စာရင်းသွင်းခပေးစရာမလိုဘဲ 5555 သို့ RED ဟု SMS ပေးပို့ရုံဖြင့် သုံးစွဲခွင့်ရမည်ဖြစ်သည်။

တဖန် ရက် ၃၀ စာ စာရင်းသွင်းပြီး ရက် ပြည့်ခါနီး သုံးရက်အလိုတွင် နောက်ထပ် ယင်းအစီအစဉ်ကို ဆက်လက်အသုံးပြုနိုင်ရန်အတွက် အူရီဒူးမြန်မာက သတိပေး အကြောင်းကြားစာ စာတို SMS  ပို့ပေးမည်ဖြစ်ပြီး စာတိုလက်ခံပြီး သုံးရက်အတွင်း ဖုန်းခေါ်ဆိုခ အထူးလျှော့ဈေး ဝန်ဆောင်မှုကို နောက်ထပ်ရယူနိုင်ရန် စာတို SMS  ကို ပုံမှန်ပေးပို့ရမည်ဖြစ်သည်။

မြန်မာပြည်တွင် ဖုန်းခေါ်ဆိုခ ဈေးအချိုသာဆုံး၊ အသက်သာဆုံး အထူးလျှော့ဈေး အစီအစဉ်နှင့်ပတ်သက်၍ အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က “ မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်ထားရာ ပွဲတော်တခုဖြစ်တဲ့နှစ်သစ်ကူးအတာသင်္ကြန်ကာလမှာ  အူရီဒူး သုံးစွဲသူများအတွက် အခုလို ဖုန်းခေါ်ဆိုခ ဈေးအချိုသာဆုံး အသက်သာဆုံး အထူးလျှော့ဈေး တစ်ရပ်ကို ပေးလိုက်နိုင်တဲ့အတွက် အင်မတန် ဝမ်းသာဂုဏ်ယူမိပါတယ် ” ဟု ပြောကြားလိုက်ပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts