ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – လင်းဆွဲ

ကျော်ဟုန်း – လင်းဆွဲ
(မိုးမခ) မတ်လ ၂၂၊ ၂၀၁၅

အမှောင်မှာ ကျက်စား
အလင်းမှာ မပျော်မွေ့ ၊

ခိုနားရင် တွဲလောင်း
ဇောက်ထိုးနေတဲ့ ဗီဇ၊

အများရဲ့အမြင် အတည့်
သူ့ရဲ့အမြင် ဇောက်ထိုး၊

မျက်စိက မှုန်ပေမယ့်
သူ့ ကိုယ်ရေးလုံဖို့ ကျ
အကြားအာရုံ အလွန်ပါး
လင်းဆွဲငှက်များ။

လောကထဲမယ်
လူလင်းဆွဲများ
မျိုးပွားနှုန်း များမှများ။    ။

ကျော်ဟုန်း
၃၊ ၂၁၊ ၂၀၁၅။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts