ဂီတသုတေသီ နိုင်ငံကျော် ဆိုင်းဆရာကြီး ဦးစိန်ဗိုလ်တင့် ကွယ်လွန်ခြင်း နှစ် (၂၀) ပြည့် အမှတ်တရ တပည့်သားချင်းများနှင့် ဆရာကြီး၏ မိသားစုဝင်များက အမှတ်တရ တေးစီးရီး DVD Karaoke ထုတ်လုပ်ခြင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း (အောက်) ရှိ နယူးဧရာဟိုတယ်တွင် မတ်လ ၂၁ ရက်နေ့ နေ့လည် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတေးစီးရီးမိတ်ဆက်ပွဲတွင် ဘဘဘိုကလေးတင့်အောင်၊ ဒါရိုက်တာကြည်စိုးထွန်းတို့မှ ဆရာကြီးစိန်ဗိုလ်တင့် အမှတ် တရ စကားများပြောကြားပေးခဲ့ကြပြီး သားဖြစ်သူ ရဲမင်းဗိုလ် (ခ) ဘိုကြီးမှ စီစဉ်ဖြစ်ပုံအကြောင်းအား ရှင်းလင်းပြောကြားခဲ့ သည်။
ထိုတေးစီးရီးတွင် ဒါရိုက်တာထွန်းထွန်းမင်းက ရိုက်ကူးပြီး ဂီတမှူး ကျိုက်လတ်ရဲနိုင်လင်း ၊ အသံဖမ်း ထွန်းထွန်းမင်းတို့နှင့် ရွှေဘုံစတူဒီယိုတွင် အသံဖမ်းယူခဲ့သည်။ လှုပ်ရှားမှု ဓာတ်ပုံများကို သုံးပေါင်၊ အပ်ချီနှင့်ဇော်ရဲတင့်တို့မှ ရိုက်ကူးပေးထားသည်။ ထိုအခွေအား မတ်လ (၂၅ ) ရက်နေ့တွင် ရွှေဘုံတေးထုတ်လုပ်ဖြန့်ချိရေးမှ မြန်မာတနိုင်ငံလုံးသို့ ဖြန့်ချိတော့မည်ဖြစ်သည်။
DVD မှာ နှစ်ချပ်တွဲဖြစ်ပြီး ဆိုင်းဆရာပေါင်းစုံ၊ အဆိုတော်ပေါင်းစုံ ပါဝင်သော တေးစီးရီးဖြစ်သည်။
ထို့နောက် ဂီတသုတေသီဆိုင်းဆရာကြီး စိန်ဗိုလ်တင့် ကြေးရုပ်ဖြစ်မြောက်ရေးအတွက် အလှူငွေပေးအပ်ပွဲကို ဆက် လက်ပြုလုပ်ရာ တော်ဝင်ဦးကိုကိုထွေးမှ နှစ်ဆယ့်ငါးသိန်းကျပ်၊ မြန်မာသံတော်ဆင့်ဂျာနယ်မှ ငါးသိန်းကျပ်တို့ကို ပေးအပ် လှူဒါန်းခဲ့သည်။