ကျော်မိုးလွင် – နွေဦး
(မိုးမခ) မတ် ၂၁၊ ၂၀၁၅
ဟောဒါ ဥသြတွန်သံ
ပိတောက်ပွင့် တဲ့ နွေ
ငါ သိပ်ချစ်ရတဲ့ မြို့ ကို ထိုင်ငေး
နွေရဲ့ အဇ္ဈတ္တကို
ဝိညာဉ် ရှင်သန်ဖို့
ပိတောက်ပွင့် တဲ့ နွေ ဟာ
မျောလွင့်နေတဲ့ ငါရင်ကိုထိုးဖေါက်
ပိုပြီး နုပျိုလှပ အလင်္ကာတွေ ဖွဲ့ဆင်လို့ … …
ကျုံရေ ပါတ်လည်ဝိုင်းတဲ့
ရွှေမန်းမြို့သူတွေ
ပန်းလို ပွင့်လန်းသမျှ
ပိတောက်ဖူးတွေ ငုံနေရှာ
ရာသီချိန်မှီ ပန်ဆင်ဖို့
အလှဆုံး ဒီပိတောက်ပွင့်တွေ
မခြွေရက် မခူးရက်ပါ
ငါ အဝေးက ငေးလို့
ရနံ့မွှေးမြ ခံစားပါရစေ … …
Photo – Aung Htet
This picture is not Padauk flower.