ကဗျာ

ခက်ဦး – ပ​ဟေဠိ ကွန်ချာ

ခက်ဦး – ပ​ဟေဠိ ကွန်ချာ
(မိုးမခ) မတ် ၂၀၊ ၂၀၁၅

မပြောတဲ့စကား
ဆွဲမထားတဲ့ ပန်းချီ
မရေးသားတဲ့ စာ
စပ်မထားတဲ့ ကဗျာ
တခါ တခါ
တော်တော်လှတယ် ။

တခါတခါတော့
မထွက်သေးတဲ့အသံ
မပေါ်လာသေးတဲ့အရုပ်
မရသေးတဲ့အနံ့တွေ
အာရုံနဲ့ဖော်ယူမိတဲ့အခါ …
စင်မထွက်သေးတဲ့ ကျည်ဆန်တွေ
ပြောင်းဖျားဝ ရာထောင်ရှေ့
တည့်တည့်ကြီး တွေ ကြည့်ရသလို….

စိတ်ခြေသည်း တကုပ်ကုပ်
လက်​သီးဆုပ်​ ကျစ်လိုက် ဖြန့်လိုက်
ဆောင်ဓားထုတ်လိုက် ပြန်လျှိုလိုက်နဲ့
မငြိမ်းမချမ်း တိတ်တိတ်ဆိတ်ဆိတ်

သိပ် … … … …  အသဲထိတ်ဖို့ကောင်းတယ်  ။

၁၅ . ၃ .၂၀၁၅

(Photo – Facebook Images)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts