Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

မြန်မာပြည်သိန်းတန်နှင့် ချစ်ရည်းစား + 5 Live Show ပြုလုပ်မည်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မြန်မာပြည်သိန်းတန်နှင့် ချစ်ရည်းစား + 5  Live Show ပြုလုပ်မည်
ရန်နောင်(ဗိုလ်တထောင်) မတ် ၂၀၊ ၂၀၁၅

ဂီတလောကတွင် ခေတ်ဟောင်းတေး၊ ဂန္တဝင်တေး၊ ခေတ်ပေါ်တေးများစွာကို သီဆိုနိုင်သော အဆိုတော်ကြီး မြန်မာပြည်သိန်းတန်နှင့်  ချစ်ရည်းစား +5 Live Show ပြုလုပ်မည့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ စင်ထရယ်ဟိုတယ်တွင် မတ်လ ၁၇ ရက် နေ့လည်(၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

 

    အဆိုပါ ဖျော်ဖြေပွဲကို မတ်လ ၂၁ ရက်(စနေနေ့)တွင် အမျိုးသားကဇာတ်ရုံ၌  ည(၇) နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ နီနီခင်ဇော်၊ ရတနာမိုင်၊ JENNY တို့က စုံတွဲသီဆိုဖျော်ဖြေပေးကြမည်ဖြစ်သည်။  တီးခတ်ပေးမည့် တီးဝိုင်းများမှာ  L.P.J + PLUS THREE + စန္ဒရားမျိုးနိုင်တို့ ဖြစ်ကြသည်။ ဝင်ကြေးမှာ လေးသောင်း၊ သုံးသောင်း၊နှစ်သောင်း၊ တသောင်း ကျပ်တို့ဖြစ်ပြီး လက်မှတ်များကို Super One ကုန်တိုက်များ ၊ Victoria ကုန်တိုက်များ ၊ Nation Mart ဆိုင်များ၊ ရတနာမြိုင်တေးသံသွင်း ၊ မန်းသီရိတေးသံသွင်းတို့တွင် ဝယ်ယူနိုင်ကြောင်း  သိရှိရသည်။

မြန်မာပြည်သိန်းတန်၏ ဖျော်ဖြေပွဲကို ရတနာမြိုင်တေးသံသွင်း ဦးချန်ဟိန်းနှင့် စူပါဝမ်း ဒေါ်စန်းစန်းရီ တို့ ပူးပေါင်းစီစဉ်တင်ဆက်ခြင်းဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts