ဖတ်ချင်စရာ မိုးမခစာအုပ်စင် – ရွှေကူမေနှင်း၊ မာမာအေး နဲ့ မင်းတာရာ
အောက်တိုဘာ ၂၆၊ ၂၀၁၃
ခေါင်းစဉ် – ၈လေးလုံး အရေးတော်ပုံ ငွေရတု အထိမ်းအမှတ်၊ နိုင်ငံရေးအကျဉ်းသူများ
စာရေးသူ – ရွှေကူမေနှင်း
ထုတ်ဝေသူ – ရွှေ စာပေထုတ်လုပ်ရေး
နေ့စွဲ – ၂၀၁၃ သြဂုတ်လ၊ အုပ်ရေ ၃၀၀၀၊ တန်ဖိုး ၁၈၀၀၊ စာမျက်နှာ ၁၅၁
” ယနေ့မြန်မာပြည်သူလူထု ရရှိနေသော ဒီမိုကရေစီ အသီးအပွင့် (အနည်းငယ်မျှပင် ဖြစ်ပါစေ) တို့သည် သည်လူ သည်ပုဂ္ဂိုလ်များ စွန့်စား စွန့်လွှတ် စတေးခံခဲ့ကြသဖြင့် ရရှိခြင်းဖြစ်ကြောင်း အသိအမှတ်ပြုစေချင်သော ဆန္ဒနှင့် ရေးဖွဲ့ခြင်းလည်း ဖြစ်ပါသည် …”
ခေါင်းစဉ် – မီးလောင်ပြင်ပေါ်က ချိုးကူသံ ကဗျာများ
စာရေးသူ – မင်းတာရာ
ထုတ်ဝေသူ – ဒေါင်းပျိုစာပေ
နေ့စွဲ – ၂၀၁၃ ဇွန်လ၊ အုပ်ရေ ၁၅၀၀၊ တန်ဖိုး ၅၀၀၊ စာမျက်နှာ ၁၀၄
“ကဗျာဗိုင်းရပ်စ်ပိုး ကျနော်နှလုံးအိမ်ထဲ တိုးဝင်အသိုက်ဖွဲ့၏ ဘ၀လက်တွဲဖော်ကို အကြိမ်ကြိမ် မေ့လျော့ခဲ့ဖူးရဲ့။ သူငယ်ချင်း အပေါင်းအဖော် အော်ငေါက်ဖူးရဲ့၊ ကဗျာအတွက် သူတို့ရဲ့ ရန်ဖြစ်ရတာကို နောင်တရစရာလို့ တွေးမိဖို့ စိတ်ကူးနဲ့ လမ်းချော်နေဆဲ …”
ခေါင်းစဉ် – ပြောပြစရာတွေလဲ တပုံကြီး (၂)
စာရေးသူ – မာမာအေး
ထုတ်ဝေသူ – လင်းလွန်းခင်စာပေ
နေ့စွဲ – ၂၀၁၃ ဇူလိုင်၊ အုပ်ရေ ၅၀၀၊ တန်ဖိုး ၃၀၀၀
“ဆရာမောင်ထင်ရဲ့ ‘ငဘ’ ၀တ္ထုကြောင့် ထင်ပါရဲ့။ လယ်သမားတွေကို ‘ငဘ၊ ငဘ’ နဲ့ ခေါ်လာကြတယ်။ ဒီဖက်ခေတ် ဒူးယားတို့၊ ခပေါင်းတို့မှာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတွေ ကျင်းပပြိးနောက်မှာတော့ ‘ငဘ’ မဟုတ်တော့ဘူး။ ‘ဦးကြီး’ လို့ ပြောင်းခေါ်၊ ပြောင်းရေး၊ ပြောင်းဆို ခဲ့ကြပါတယ် ရှင် …’