စာအုပ်စင်

ပန်းချီ ထိန်လင်း၏ ‘မပ’ စာအုပ် ထွက်မည်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ပန်းချီ ထိန်လင်း၏ ‘မပ’ စာအုပ် ထွက်မည်

(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅

ပန်းချီထိန်လင်း၏ အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း) တွင် ကိုယ်တိုင်တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များကို စုစည်းရေးသားထားသည့် ‘မပ’ စာအုပ် ထွက်တော့မည် ဖြစ်သည်။

၁၉၉၁ – ၁၉၉၂ ခုနှစ်အတွင်း အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း)  ကျောင်းသားတပ်မတော်အတွင်း  ကျောင်းသားများအချင်းချင်းကြား စစ်ဘက်ထောက်လှမ်းရေးဟု စွပ်စွဲ ဖမ်းဆီး ညှင်းပန်း သတ်ဖြတ်ခြင်းများ ဖြစ်ပွားခဲ့ရာ ကျောင်းသားခေါင်းဆောင်အချို့နှင့် ကျောင်းသား ကျောင်းသူများ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ပန်းချီထိန်လင်းနှင့်တကွ မတရားစွပ်စွဲခံရသူ အချို့တို့မှာ အသက်လုပြီး ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ ထို ABSDF မြောက်ပိုင်း ကျောင်းသားအရေးအခင်းအကြောင်း ပန်းချီထိန်လင်းက မှတ်တမ်းရေးသား စာအုပ်အဖြစ် ပုံနှိပ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ပန်းချီ ထိန်လင်း၏ ‘မပ’ စာအုပ် ထွက်မည်

Comments are closed.