ချင်းဗုဒ္ဓသာသနပါလကအဖွဲ့ ဓမ္မစာပေဟောပြောပွဲ ကျင်းပပြီးစီး
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၅
၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်နေ့၊ နေ့လယ် ၁း၃၀၊ ဗဟန်း ၁ လမ်းထိပ်ရှိ မြန်မာသီရိလင်္ကာ ဓမ္မဒူတဗိမာန်တွင် ချင်းဗုဒ္ဓသာသနပါလကအဖွဲ့ ဓမ္မစာပေဟောပြောပွဲ ကျင်းပခဲ့သည်။ ချင်းပါလကအဖွဲ့မှ ၃လ တစ်ကြိမ် ထုတ်ဝေသော ချင်းရောင်ခြည် မဂ္ဂဇင်း ပင်တိုင်စာရေးဆရာ ငွေဌေး(ဟင်္သတ) က အစ၊ အလယ်၊ အဆုံး ခေါင်းစဉ်ဖြင့် ဟောပြောရာ ချင်းဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများ တက်ရောက်ခဲ့ကြသည်။