ဖိုးသံ (လူထု) – မုဒိတာပွားပါတယ်

 

ဖိုးသံ (လူထု) – မုဒိတာပွားပါတယ်

(မိုးမခ) ဖေဖော်ဝါရီ ၀၂၊ ၂၀၁၅

 ၁၉၆၃ ခုနှစ်တုန်းက

ပြည်တွင်းငြိမ်းချမ်းရေး အတွက်

ငါးခရိုင်ချီတက်ပွဲကြီးမှာ

ကျရာအခန်းက

ပါခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခုခရီးက

ခရိုင်ပေါင်းများစွာ

တိုင်းတွေကိုကျော်ကာ

အောင်ပွဲအထိသွားကြမှာ

မုဒိတာပွားပါတယ် ရဲဘော်တို့။

မျက်ရည်ယိုဗုံးတွေ

မီးသတ်ပိုက်တွေ

လက်ကိုင်တုတ်တွေ

အဓိကရုဏ်းဖြိုရဲတွေ

ရင်ဆိုင်ဖူးပါတယ်

ဒါပေမဲ့အခုအခါက

ကိုပါကြီးနဲ့ဒေါ်ခင်ဝင်းကို

သတ်ထားတဲ့စစ်တပ်နဲ့ရဲ

အောင်သောင်းတပ်

ကြံ့ဖွတ်တပ်

ကျားစွယ်သွေးတိုက်ထား

ရှူးတိုက်ထားတဲ့ တပ်တွေကို

ခြေတစ်လှမ်း လှမ်းတိုင်း ရင်ဆိုင်နေရတာ

မုဒိတာပွားပါတယ် ရဲဘော်တို့။

တက္ကသိုလ်အဓိပတိနဲ့ စကားပြော

တက္ကသိုလ်ကောင်စီနဲ့ စကားပြော

ဆရာဆရာမတွေနဲ့ စကားပြော

ပြဿနာကြုံတိုင်း ပြောဖူးပါရဲ့

ဒါပေမဲ့ အခုလို

နားချတယ်ဆိုပြီး

နားလှည့်ပါးလှည့် လုပ်မယ့်လူ

အမိန့်တော်မြတ်အတိုင်း

ဥပဒေပြုပေးခဲ့သူ

ဆွေးနွေးပွဲတွေနဲ့

စစ်အာဏာထိန်းတဲ့သူ

ကြောင်သူတော်၊ အာဏာရှင်

ရာဇာဘုရင်တွေနဲ့ စကားပြောတာ

အိပ်မက်တောင် မမက်ဖူးပါ

မုဒိတာပွားပါတယ် ရဲဘော်တို့။

ချီပါလေ ချီလေ

တပြည်လုံးက စောင့်ကြည့်နေ

လူထုအပေါင်းက မျှော်လင့်ပေ

ကိုယ့်သားသမီးမို့ ကိုယ်ယုံ

အကုန်လုံး ပုံထားပါသတဲ့

သင်တို့ရဲ့လမ်း

အားလုံးရဲ့ လမ်းဖြစ်ပါလိမ့်

မိုးမြေခြိမ့်သဲ

အပြောင်းအလဲ အစစ်ကြီးဆီ

တပြည်လုံး ချီတက်ဖို့

ဖောက်ပါတော့ ဒီလမ်းမဟာ

မုဒိတာပွားပါတယ် ရဲဘော်တို့။

ဖိုးသံ (လူထု) / ရဲဘော် ဖိုးသံချောင်း

ဖေဖော်ဝါရီ ၀၁၊ ၂၀၁၅

××××××××××××××××××××

မိုးမခ တွင် ဖော်ပြခဲ့ဖူးသည့် ဆရာ ရဲဘော် ဖိုးသံချောင်း ၏ စာများ၊ ကဗျာများ —

၉၂ မိခင်သို့ (အမေ လူထု ဒေါ်အမာ မွေးနေ့ အမှတ်တရ) (၂၀၀၇)

@ http://gita.cc/archives/11681

http://moemaka.blogspot.com.au/2007/11/blog-post_8226.html

လာနေပြီ (ကဗျာ) (၂၀၀၈)

@ http://gita.cc/archives/11994

http://moemaka.blogspot.com.au/2008/02/blog-post_29.html

ကိုကြည်လင်နဲ့ကျနော် (ကဗျာဆရာ ကြည်အောင် အမှတ်တရ) (၂၀၀၈)

@ http://gita.cc/archives/11902

http://moemaka.blogspot.com.au/2008/02/blog-post_162.html

အတာလက်ဆောင် ရတုန်းက (၂၀၁၁)

@ http://gita.cc/archives/18191

http://moemaka.blogspot.com.au/2011/04/po-than-ludu-once-upon-thagyan.html

ကိုစိန်ဝင်းနဲ့ ကျနော် (လူထု စိန်ဝင်း အတွက် ကဗျာ) (၂၀၁၂)

@ http://gita.cc/archives/24573

http://moemaka.blogspot.com.au/2012/06/ludu-sein-win-by-phoe-than-ludu.html

ကျွန်တော်နဲ့ စန္ဒကိန္နရီ

@ http://gita.cc/archives/42036

http://www.moemaka.blogspot.com.au/2015/01/blog-post_933.html

ကျွန်တော့်ဖခင် လူထုဦးလှ

@ http://gita.cc/archives/41876

http://moemaka.blogspot.com/2015/01/blog-post_711.html

ဘိုလိုတော့ခ် ရောဂါ

@http://moemaka.com/archives/41751

http://www.moemaka.blogspot.com.au/2015/01/blog-post_21.html

ရေးခဲ့ မိတဲ့ ကဗျာ – ဗိုလ်အောင်ကျော်နေ့ ဂုဏ်ပြု

@ http://moemaka.com/archives/41278

http://www.moemaka.blogspot.com.au/2014/12/blog-post_88.html

ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ်

@ http://moemaka.com/archives/41016

http://moemaka.blogspot.com.au/2014/11/blog-post_541.html

သူများ လက်ပိုက်နေချိန်မှာ လက်ရုံးတန်းကြသူတွေ (ကျောင်းသား သပိတ် ဂုဏ်ပြု ကဗျာ)

http://moemaka.com/archives/40855

http://www.moemaka.blogspot.com.au/2014/11/blog-post_861.html