MoeMaKa VDO

မေဆွိ သပိတ်အစဉ်အလာ (ကျောင်းသားအရေးတော်ပုံသီချင်း)

 

မေဆွိ သပိတ်အစဉ်အလာ (ကျောင်းသားအရေးတော်ပုံသီချင်း)

(ပြန်လည်ဆန်းသစ်ခြင်း) (မိုးမခ)

ဖေဖေါ်ဝါရီ ၀၁၊ ၂၀၁၅

ဒီမိုကရေစီ ပညာရေး နှင့် လွတ်လပ်ခြင်း အတွက် တိုက်ပွဲဝင် ခရီးရှည်ချီတက်နေကြသည့် မျိုးဆက်သစ် ကျောင်းသားလူငယ်ကလေးများအား ဂုဏ်ပြုလျက် ခေတ်အဆက်ဆက် ရပ်တည်ချက်မှန် တိုင်းပြည်ကို ဦးဆောင်ခဲ့သည့် ကျောင်းသားသမဂ္ဂ၏ သပိတ်တိုက်ပွဲ အစဉ်အလာ သမိုင်းကို ပုံဖော်စပ်ဆိုထားသည့် သီချင်းကို စတီရီယို အဆိုကျော် မေဆွိ ရှစ်လေးလုံးအရေးတော်ပုံကြီးကာလ သီဆိုခဲ့မှု ကို သီချင်းအက်ဆေးအနေဖြင့် သမိုင်းဝင် ဓာတ်ပုံတချို့နဲ့ တွဲ၍ မိုးမခ ပရိသတ်အား တင်ဆက်လိုက်ပါသည်။

ဤ သီချင်းရုပ်သံကို စီးပွားဖြစ် ပြန်လည် ဖြန့်ချိ အသုံးပြုခြင်း မပြုလုပ်ရန် အလေးအနက် သတိပေး မေတ္တာရပ်ခံပါသည်။  သီချင်းအသံ နှင့် အသုံးပြုထားသည့် ဓာတ်ပုံများ အတွက် မူပိုင်ခွင့် ချိုးဖောက်လိုစိတ် ရိုးသားစွာ မရှိပါ။  အခကြေးငွေ ရရှိရန်အလို့ငှာ အသုံးပြုခြင်း မဟုတ်ပါ။  ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီ ဗမာ့လူ့ဘောင်သစ် အတွက် မျှော်ရည် လှုံ့ဆော် တင်ဆင်ခြင်းသက်သက်သာ ဖြစ်ပါသည်။

××××××××××××××××××

ကျောင်းသားသပိတ် ဆိုတာ အခုမှ စခဲ့တာ မဟုတ်ပါ..

သမိုင်းအစဉ်အလာ.. ကြီးမားခဲ့ပါတယ်နော်..

တိုင်းပြည်မှာ.. အရေးပေါ်.. သူတို့.. ပါကြစမြဲ.. ထင်ပေါ်..

ကြားယောင်သေး၏.. ဂီတတေးသီချင်းတော်..

မှတ်မိနေတာ.. ဆိုမိ.. ပျော်.. ပျော်..

ဒီ.. အလိုက်ကလေး.. စာသားပြောင်းရေး..

တွေးကာ.. ဆိုမယ်.. ညီကြ.. ဒို့.. ရဲဘော်..

မောင်ဘမော်.. နန်းရင်းဝန်ကို.. ဒီရာထူး.. ပြုတ်ကျအောင်နော်..

ကြိုးစားကြပါ.. အဆွေတော်..

ဒို့.. ရဲဘော်.. အပေါင်းတွေရဲ့.. ဗိုလ်အောင်ကျော်.. သတ္တိဂုဏ်ကို.. 

ချီးကျူး.. မမေ့နဲ့နော်..

အို.. တပ်မတော်.. အပေါင်းအစု.. ပါဝင်..

ပြည်သူနဲ့.. အားလုံး.. ညီမယ်..

ကြိုးစားကြမယ်.. တကယ်နော်..

အို.. ရဲဘော်.. ကျောင်းသားတွေရယ်..

ဗိုလ်အောင်ဆန်း.. စိတ်ဓာတ်.. ဂုဏ်နဲ့.. ဆက်လက်လုပ်ကြနော်..

ကျောင်းသား.. သမဂ္ဂသစ်..

ဒို့.. ဘာသာ..  ဒို့..ရွေး..

ဒို့သွေးနဲ့.. ဖွင့်လှစ်ခဲ့ပြီနော်..

ဘယ်သူမှ ပေးတာ.. မဟုတ်ပါဘူးနော်..

အုတ်မြစ်ကျမယ့်.. ကာလရည်မျှော်..

ဒီမိုကရေစီ.. ရမှနော်..

ဒီမိုကရေစီ.. ရမှနော်..

ပြည်သူအားလုံးနဲ့.. ရင်ထဲ.. ခံစားမျှော်..

သွေးနဲ့.. အသက်.. ပေးလှူခဲ့တဲ့..

ကျောင်းသား.. ဇာနည်ကျော်..

အဲဒီ.. အခါကျမှာ.. အမျှဝေပါလို့..

ကုသိုလ်ပြုကြရအောင်နော်..

××××××××××××××××××

မိုးမခ တွင်တက်ဆက်ခဲ့ဖူးသည့် ကျောင်းသားသမဂ္ဂ ဂုဏ်ပြု သီချင်းအစီအစဉ်များ —

အောင်ပွဲအဆက်ဆက်ခံဦးမည် (ကျောင်းသားသမဂ္ဂ သမိုင်း)

@http://gita.cc/archives/42007

http://www.moemaka.blogspot.com.au/2015/01/blog-post_218.html

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts