ဒီမိုကရေစီ အရေးတော်ပုံ (၁၇)
“ရုပ်မြင်သံကြားမှ  သံဃာ့မဟာနာယက ဆရာတော်ကြီးများဧ။်  မေတ္တာရပ်ခံချက်”
အုန်းနိုင်၊ အောက်တိုဘာ ၂၇၊ ၂၀၁၃
          ဒီညမှာ ရန်ကုန်သတင်းနားထောင်ကြပြန်ပါ
ပြည်ထောင်စု ဆိုရှယ်လစ် သမတမြန်မာနိုင်ငံတော်နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီး များဧ။် မေတ္တာရပ်ခံချက် ပြည်ထောင်စု ဆိုရှယ်လစ် သမတမြန်မာနိုင်ငံတော် အတွင်း ယခုဖြစ်ပေါ်ပြီး ဖြစ်ပေါ်ဆဲ အခြေအနေများကို ကြားသိရသည့် အတွက် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့  ဥက္ကဌအဘိဓဇ မဟာရဌ ဂုရု ပဲခူးမြို့ မ ဆရာတော်ဘုရားကြီး၊ အကျိုးတော်ဆောင် အဘိ ဓဇ မဟာရဌ ဂုရု တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက မင်းကွန်းဆရာတော် ဘုရားကြီး အမှူးရှိသော နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်များ အနေဖြင့် စိတ်မချမ်းမသာ ဖြစ်ကြရသည်..။ ယင်းအခြေအနေများသည် တိုင်းပြည်နောင်ရေး အတွက် ရင်လေးဖွယ်ရာ ဖြစ်သည်ဟု နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများက ယုံကြည်ယူဆကြသည်..။ယင်းအခြေအေ
နများ ဆက်လက်မဖြစ်ပေါ်ရအောင် တိုင်းသူပြည်သား ရဟန်းရှင်လူများ ကလည်း တရားဥပဒေဘောင်အတွင်းတွင် အေးချမ်းစွာ နေထိုင်ကြလျှက် မိမိတို့ဧ။် တရားမျှတသော လိုလားချက်များကိုတရားဥပဒေဘောင်အတွင်းမှပင် သိမ်မွေ့ နူးညံ့ စွာ နိုင်ငံတော် အစိုးရသို့ တင်ပြသင့်ကြသည်..။ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း တရားဥပဒေနှင့် အညီ အုပ်ချုပ်လျှက် တိုင်းသူပြည်သား ရဟန်းရှင်လူများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် ဆောင်ရွက်ကြရမည့် တာဝန်အရ ဆောင်ရွက်ကြရသည်ကို လည်း ဆရာတော်ကြီး များက နားလည်သဘောပေါက် ကြသည်..။ယင်းကဲ့ သို့ တာဝန်အရ ဆောင်ရွက်ကြရာတွင် “မင်းကျင့် တရား ဆယ်ပါး ”နှင့် အညီ လိုက်နာကျင့်သုံးကြရန်နှင့် တိုင်းသူပြည်သား ရဟန်းရှင်လူများကလည်း မိမိတို့ လိုလားချက်များကို ချက်ချင်း မရ နိုင်ကောင်းလော ဟု ဆန္ဒမစောကြပဲ တရားဥပဒေဘောင်အတွင်းတွင် ငြိမ်းချမ်းကြည်သာစွာ နေထိုင်ကြလျှက် တရားဥပဒေနှင့်အညီ သိမ်မွေ့ နူးညံ့ စွာတင်ပြတောင်းဆိုကြရန် သံဃာမဟာနာယက ဆရာတော်ကြီးများမှ မေတ္တာရပ်ခံလိုက် ပါသည်..။ အထူးမေတ္တာရပ်ခံလိုသည်မှာ နိုင်ငံတော် အစိုးရကလည်း တိုင်းသူပြည်သားတို့၏ တရားဥပဒေနှင့်ညီသော လိုလားချက်များကို ဖြစ်နိုင်သမျှ လိုက်လျောပေးစေလိုကြောင်း အထူးမေတ္တာရပ်ခံလိုက် ပါသည်..။နိင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ ရက်စွဲ။ ။၁၉၈၈ ခုနှစ် သြဂုတ်လ (၁၀)ရက် 
           သံဃာ့ မဟာနာယက ဆရာတော်ကြီးများဟာ  အစိုးရဘက်  ခပ်ပါပါဖြစ်ပေမဲ့   ဒီခေတ် ဒီအစိုးရကို ပြောရာမှာတော့   ဒီတခါ ဟာ အတော်တင်းပါတယ်..။မတင်းလို့လည်း ဘယ်ရတော့မလဲ..။သံဃာ့မဟာနာယက ဆိုတဲ့  ဆရာတော်ကြီးတွေလည်း   သူတို့ရဲ့  တပည့် သံဃာတော်တွေ၊ ဒါယကာဒါယကာမတွေ တွေ၊ တိုင်းသူပြည်သားတွေ ရဲ့  ဆန္ဒခံစားချက်  တွေနဲ့   ၊လက်တွေ့   ပစ်ခတ် သတ်ဖြတ်ခံနေရတာတွေကို  မြင်နေ ကြားနေရမှာပေါ့..။
          ဘီဘီစီက ကြေညာတဲ့ အထဲမှာ တော့တဘက်က ပစ်ခတ်သတ်ဖြတ်ကြသလို ပြည်သူတွေ ဘက်က လည်း ပြန်လည် အကြမ်းဖက် ခုခံစပြုနေပြီိလို့  ဆိုပါတယ်။ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာနဲ့ သာကေတ မြို့ နယ်ရဲစခန်းများမှာ အိမ်ထောင်သည်တန်းလျားများ မီးရှို့  ဖျက်ဆီးခံရတယ်လို့ပါပါတယ်။ တချို့  ရဲတွေလည်း ခေါင်းဖြတ်သတ်ဖြတ်တာ ခံကြရပါတယ်တဲ့။ ဒီအခြေအနေ နဲ့စာ တော့ ကိုယ့်မြို့ က အများကြီး တော်ပါပေတယ် လို့ မှတ်ချက်ချရပါတယ်။ ဘီဘီစီကလည်း  ဒီညအစီအစဉ်မှာ  မြန်မာပြည်က ဒီမိုကရေစီ တိုက်ပွဲဝင်သူများကို ဂုဏ်ပြုတဲ့ အနေနဲ့   ဦးအောင်မြင့်ထွန်း   ကိုယ်တိုင် မယ်ဒလင်ကလေးတခုထဲနဲ့  တင်      တွဲဘက်သီဆိုတင်ပြတဲ့ ‘ဗမာ့သူရဲကောင်း ဗိုလ်အောင်ဆန်း’သီချင်းကလည်း   ကြားရတဲ့သူများရဲ့    ရင်ကိုလှုပ်ခတ်စေပါတယ်။
          ‘ဗမာ့ လွတ်လပ်ရေးတွက်……. တပ်မတော်ဖွဲ့ ဖို့ …..ဂျပန်ပြည်မှာကွယ် …. တကယ်ဘဲ အသက်နဲ့   လဲလို့  ဆင်းရဲ….ဒုက္ခခံကာ ကြံ စည်တယ်…သူရဲကောင်းတဲ့…ဗိုလ်
          ဆိုတဲ့သူက   ခံစားချက်နဲ့ဆိုတာဖြစ်ပြီး   တူရိယာ များများစားစားမပါတဲ့  ဒီသီချင်းသံဟာ ကြားရသူဆီ သူပေးလိုတဲ့ (message) ခံစားချက် ဒိုင်းကနဲ ဝင်ဆောင့်တာပါဘဲ။ တက်ခေါက် လိုက်ရမလား။ မျက်ရည်ကျ လိုက်ရမလား။
   ‘ငါတို့   ဗမာပြည်ဝယ် …..မိဘတိုင်းကကွယ် ….ဗိုလ်အောင်ဆန်းလိုသူရဲကောင်း..မွေးရမယ်….’
          ဒီရက်တွေအတွင်း သတ္တိရှိရှိ   အသက်စွန့် ခဲ့ ကြ တဲ့ ကျောင်းသားကျောင်းသူများကို ဗိုလ်အောင်ဆန်းနဲ့    တတန်းထဲ ဂုဏ်ပြု လိုက် တာပါဘဲ။ ဦးအောင်မြင့်ထွန်းကိုလည်း ဒီအချိန်မှာ    ဒီလိုခံစားချက်အပြည့်နဲ့ ဒီသီချင်း  လွှင့်ပေးတဲ့အတွက် အလွန်ဘဲ   ကျေးဇူးတင် ဂုဏ်ပြုရပါလိမ့်မယ်။
+++ရာဇဝင်…အထုပတ္တိလည်း  ရှိရမယ်
++++မော်ကွန်းလည်း…ထိုးလောက်
+++.မြင့်မြတ်တဲ့…ဗိုလ်အောင်ဆန်းရယ်.++++
++++လွတ်လပ်ဖို့  တို့ များကို +++ကျွန်တွင်းမှကယ်
++++မျှော်ကြရှာလို့…ပေါ်လာတယ်
ဒီမိုကရေစီ အရေးတော်ပုံ(၁၈) ပါတီဦးဆောင် တက်တက်ပြောင် …. ကို ဆက်ပါမယ်