ကျော်ဟုန်း – မှိုတက် စရဏ
(မိုးမခ) ဇန်န၀ါရီ ၁၉ ၊ ၂၀၁၅
တာဝတိံသာမှာလည်း
ဆန္ဒပြပွဲတွေနဲ့ ၊
ယောယုဝမှာလည်း
ခါမီ ပျော်ပွဲတွေနဲ့ ၊
ဒီလို အခြေအနေမျိုးမှ
ရာသီဥတု မဖောက်ပြန်ရင်
နိဗ္ဗာန်ဆိုတာကြီးကို
ဆုတောင်းဖို့ လိုဦးမလား။
ကျော်ဟုန်း
၁၇၊ ဇန်နဝါရီ၊ ၂၀၁၅။