ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ပရနိုင်ငံသားများ

 ရန်လင်းအောင် – ပရနိုင်ငံသားများ
(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၅

မနေ့တစ်နေ့ကလို
သူထွက်သွားပြီးတဲ့နောက်
ကိုယ်တို့အဖြစ်ဟာ ……..

ပရနိုင်ငံသားတစ်ယောက်လို
ကိုယ့်ကိုယ်ကို မရှိဘူးအထင်ခံရလိုက်
ရှိတယ်အထင်ခံရလိုက် ၊

ကိုယ့်ကိုယ်ကိုလည်း
ရှိတယ်ထင်လိုက်
မရှိဘူးထင်လိုက် ။

ကြေကွဲမှုတွေကို
ဥသြသံထဲ ထည့်ဆွဲလို့ ။

တိုင်တည်စရာတွေ
ပန်းရောင်စုံထဲ ထည့်ခွေလို့

ထောင့်စုံအကျပ်ရိုက်မှုတွေ
ကဗျာထဲ ထည့်ရွတ်လို့

မျိုသိပ်ရမှုအလံတွေ
တိုင်တစ်ဝက် တလွင့်လွင့်ထူလို့

သူ ……..
မြင်ရာ ကြားရာအရပ်က
ပြန်ပေးမယ့် သူ့အမျှဝေသံ
ကုသိုလ်ထူးမှာ
ဒီ နိုင်ငံ  ပြန်ဆယ်နိုင်ကောင်းရဲ့   ။           ။
သို့  /  ဗိုလ်ချုပ် အောင်ဆန်း ရာပြည့်

Photo Credit – Artist Than Htay Maung


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts