ဓာတ်ပုံသတင်း

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

 

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

(Yangon Globe News) ဇန်န၀ါရီ ၅၊ ၂၀၁၅

တင့်ကားတွေ၊ ဂျက်လေယဉ်ပျံတွေသုံးစွဲပြီးကျင်းပခဲ့တဲ့ နေပြည်တော် ဗိုလ်ရှုသဘင် အခမ်းအနားကို မတက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့နေ့လည် ၁ နာရီမှာတော့ ၆၇ နှစ်မြောက် လွတ်လပ်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်က ပြုလုပ်တဲ့ အခမ်းအနားကိုတော့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်က မျက်မှောက်မြန်မာပြည်၏ အခြေအနေအရပ်ရပ်သည် ကျေနပ်အားရစရာမရှိကြောင်း၊ ထို့ကြောင့် အားလုံးကြိုးစားပြီး တိုင်းပြည်၏အခြေအနေကို မြှင့်တင့်ရန်ကြိုးပမ်းရမည်ဖြစ်ကြောင်းနှင့် ယခင်က မြန်မာပြည်တွင်ရှိခဲ့သော တန်ဖိုးများ၊ အရည်အချင်းများကို ပြန်လည်ရယူရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(ဓာတ်ပုံ။ ငြိမ်းချမ်း/Yangon Globe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts