Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – (၃၉ ) ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 ရန်နောင်(ဗိုလ်တထောင်) – (၃၉ ) ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၄
 
ကာတွန်းဆရာကြီးများအား နှစ်စဉ်ပြုလုပ်နေကျ ပူဇော်ကန်တော့ပွဲ ကို (၃၉) ကြိမ်မြောက် အဖြစ်  ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း အောက်လမ်းရှိ ဟုမ်းမီဒီယာ ခန်းမ တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့ နံနက် (၁၀) နာရီ ၌ ကျင်းပပြုလုပ်ခဲ့သည်။
 
ရှေးဦးစွာ အကန်တော့ခံ ကာတွန်းဆရာကြီးများ နှင့် ပရိသတ်အားမိတ်ဆက်ပေးပြီး တက်ရောက်လာသော ပရိတ်သတ်များကလည်း တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် ဆရာဖေသစ်တည်မှ ကာတွန်းဆရာကြီးများ ကန်တော့ပွဲ ပြုလုပ်ရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကာတွန်းစိုးစံဝင်း၊ ကာတွန်းဝင်းအောင်တို့မှ  အမှတ်တရ စကားပြောကြားကြပြီး ကာတွန်းဆရာများကို ချစ်ခင်သူ ဆရာကျော်ဇင်ကိုကို မှ ကျေးဇူးတင် စကားပြောကြားခဲ့သည်။
 
ကာတွန်း တင်အောင်နီကို မိတ်ဆက်ပေးနေသည့် ကာတွန်းစိုးစံဝင်း

 

ကာတွန်း မြေဇာကို မိတ်ဆက်ပေးနေသည့် ကာတွန်းစိုးစံဝင်း
ထို့နောက် အကန်တော့ခံ ကာတွန်းဆရာကြီးများအား မျိုးဆက်သစ် ကာတွန်းဆရာများက လှူဖွယ်ပစ္စည်းများပေးအပ်ကာ ကန်တော့ ကြပါသည်။ တက်ရောက်လာသော ပရိတ်သတ်များ ကို ဆရာစိုးစံဝင်းမှ ကန်တော့ကြိုး တိုင်ပေးပြီး ညီညာဖြဖြ ကန်တော့ာကြသည်။
 
ကျေးဇူးစကားဆိုနေသည့် ကျော်ဇင်ကိုကို
 
ယခုနှစ် ကန်တော့ခံ ကာတွန်းဆရာကြီး  (၁၅) ဦးရှိပြီး  ကာတွန်း မျိုးဆက်သစ် လူငယ်များက ကာတွန်းပြပွဲများပြုလုပ်၍ ရန်ပုံငွေ ရှာခဲ့ကြခြင်းဖြစ်သည်။ Sky Net ရုပ်သံ မှလည်း ရုပ်သံ ကြည့်စက်များ နှင့် တနှစ်တာ အခမဲ့ ကြည့်ရှုခွင့်များ လှူဒါန်းခဲ့သည်။
ကာတွန်းဆရာကြီးများ၏ အနုလက်ရာများ

 

 
“ကာတွန်းကို တစိုက်မတ်မတ် ရေးဆွဲ ခဲ့တဲ့ ကာတွန်းဆရာကြီး များကို ကန်တော့တာပါ။ အသက်အရွယ် ကို မသတ်မှတ်ထားပါဘူး” ဟု ကာတွန်းစိုးစံဝင်းက ပြောပြခဲ့သည်။
ကာတွန်း ငွေကြည်

 

ကွယ်လွန်သူကာတွန်းဦးဖေသိန်း၏ ဇနီး

 

ကာတွန်းပညာရှင် မိသားစုများ
ကာတွန်း ဖေဆန်း
ကာတွန်း ကိုရွှေထူး(ပြည်)
ကာတွန်းစိုးစံဝင်း
ကာတွန်းလိုင်လုဏ်၊ အာကာ နဲ့ ဆရာ အော်ပီကျယ် (ညာအစွန်)
ကာတွန်း အောက်တိုဘာအောင်ကြီး (အလယ်)
ကာတွန်းရွှေမင်းသား
ကာတွန်းဆရာများ၏ ဂါရဝ
ကာတွန်း အောက်တိုဘာအောင်ကြီး ကာတွန်းဝင်းအောင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts