ဝင်းအောင်ကြီး မှတ်စုမှတ်တမ်း

ဝင်းအောင်ကြီး – အာဏာသိမ်း၊ ဖွဲ့စည်းပုံနှင့် ၂ ခြမ်းကွဲ ဖဆပလ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဝင်းအောင်ကြီး – အာဏာသိမ်း၊ ဖွဲ့စည်းပုံနှင့် ၂ ခြမ်းကွဲ ဖဆပလ
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၄

မြန်မာပြည်တွင် ပါလီမန်က တပ်မတော်ဦးစီးချုပ် ဗိုလ်ကြီးနေ၀င်းအား ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းကို အာဏာသိမ်းခြင်းဟု ခေါ်သင့်မခေါ်သင့် ငြင်းခုံကြပါလျှင် မေးစရာမေးခွန်းများလည်း ပေါ်လာမည်။ ထိုအချိန်က ကျင့်သုံးနေသော ပါလီမန်ဒီမိုကရေစီအရ ပါတီတွင်းအများစု ထောက်ခံမှုမရဘဲ ဦးနုက အဘယ့်ကြောင့် ၀န်ကြီးချုပ် ဆက်လုပ်ချင်ရသနည်း? ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကကော ? မြန်မာပြည်တွင် သြဇာကြီးမားသော သတင်းစတို့ကကော? အာဏာရပါတီ ၂ ခြမ်းကွဲရုံနှင့် အရပ်သားအစိုးရ ဇာတ်သိမ်းဖို့ ဖြစ်ရသလား?

ဖဆပလ ၂ ခြမ်းကွဲခြင်းသည် ပါတီတွင်းသာမက အတိုက်အခံ ပမညတ၊ တိုင်းရင်းသားပါတီများ၊ သတင်းစာများ၊ ကုန်ကုန်ပြောရရင် လင်မယားကြားအထိ ဂယက်ရိုက်ထိခိုက်နစ်နာကုန်သည်။ အဲဒီတော့ ဖဆပလ ပေါ်လာပုံကို ကြည့်ကြပါစို့။

ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့အတွက် ၁၉၄၅ ခု၊ မတ်လ ၁ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် တပ်မတော်မှ ဗိုလ်လက်ျှာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေ၀င်း၊ဗိုလ်စောကျာဒိုး စသူမျာ၊ ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊သခင်တင်မြ၊ ပြည်သူ့အရေးတော်ပုံ (နောင်ဆိုရှယ်လစ်) ပါတီမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်ချစ်တို့ တက်ရောက်သည့် လျှို့ဝှက်အစည်းအဝေးမှာ ဖက်စစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး ဖတပလ ကိုမွေးဖွားခဲ့သည်။

ထို့ကြောင့် တော်လှန်ရေးကာလ တိုင်းများတွင် စစ်ခေါင်းဆောင်နှင့်အတူ နိုင်ငံရေးမှူးများ ပါရှိပုံသည် အရေးကြီး၍ မမေ့သင့်ပါ။
စစ်ပြီးသွားသောအခါ ဖဆပလ လို့ဖြစ်လာ၏။ မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်သည့် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရဖို့ နိုင်ငံရေးကပို အရေးကြီးလာ၍ ဖဆပလ မှာဗိုလ်ချုပ်အောင်ဆန်း ဥက္ကဌ၊ သခင်သန်းထွန်းက အထွေထွေအတွင်းရေးမှူးဖြစ်လာ၏။ အမြော်အမြင်ကြီးသော ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခု၊ အောက်တိုဘာလ ၁၃ ရက်နေ့၌ တပ်မတော်ကို ဖဆပလ မှနှုတ်ထွက်စေသလို သူလည်း ၂၆ ရက်နေ့တွင် စစ်ဦးစီးချုပ်အဖြစ်က ထွက်၏။ အမျိုးသားခေါင်းဆောင်ကြီးဖြစ်လာ၊ ဖဆပလ လည်းတပြည်လုံးထောက်ခံမှုရ၊ အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ တိုင်းပြုပြည်ပြုလွှတ်တော်၊ ၁၉၄၇ ခု၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ စသည်များကို ဇူလိုင်လ ၁၉ ရက်နေ့( အသက် ၃၂ နှစ်၊ ၅ လကျော်)အထိလုပ်သွား၏။

ကြုံတုန်းရေးရသော် သခင်နုသည် ၁၉၄၆ ခု၊ ဇူလိုင်လကျတော့မှ ဖဆပလကိုရောက်လာ၏၊ (စနေတာတောသား စာမျက်နှာ ၁၀၄)။ ဗိုလ်နေ၀င်းသည် တပ်မတော်မှ ကရင်စစ်မှုထမ်းများအား လက်နက်သိမ်း၍ ခွင့်ရက်ရှည်ပေးသော ၁၉၄၉ ခု၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကျမှ စစ်ဦးစီးချုပ်ဖြစ်လာ၏၊ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (စာမျက်နှာ ၁၃)။

လွတ်လပ်ရေးတိုက်ပွဲတွင် နိုင်ငံရေးပါတီများ၊တပ်မတော်သာမက ပြည်သူတရပ်လုံး ပါဝင်ခဲ့ပုံကိုလည်း စာဖတ်သူတို့ မြင်စေချင်ပါသည်။

ဆောင်းပါးတိုရေးဖို့ အချက်အလက်စုရခြင်း၊ ခက်ခဲစွာရိုက်ရခြင်းတို့ကြောင့် များစွာအချိန်ုန်ပါ၏။ စာဖတ်သူတို့အဖို့ ခပ်မြန်မြန်ဆို ၃ မိနစ်၊ အေးအေးဆေးဆေးးဆို ၅ မိနစ်၊ ဖတ်လိုက်စဉ်းစားလိုက်ဆို မသကာ ၁၀ မိစ်နစ်။ ပုဂံခေတ်က အနော်ရထာအကြောင်း မဟုတ်လို့ ဆက်လက်ရှာဖွေ ဖတ်သူချင်း ဆွေးနွေးကြလျှင် ရေးရကျိုးနပ်မည် ဖြစ်ကြောင်းပါခင်ဗျာ။

ကျနော် ၀င်းအောင်ကြီးပါ
၂၀၁၄ ခု၊နိုဝင်ဘာလ ၂၂ ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “၀င်းအောင်ကြီး – အာဏာသိမ်း၊ ဖွဲ့စည်းပုံနှင့် ၂ ခြမ်းကွဲ ဖဆပလ
  1. မြန်မာပြည်ကိုစတင်ဖျက်ဆီးသူက “ဗမာ့တပ်မတော်ရဲ့ဒုတိယဖခင်ကြီး”ဆိုတဲ့ ဗိုလ်နေဝင်း။
    ဆက်လက်ဖျက်ဆီးသူတွေက သူ့သားတပည့်မြေးတပည့် စစ်ဗိုလ်ချုပ်တွေ။
    “ဒုတိယဖခင်ကြီး”ဆိုတဲ့ ဗိုလ်နေဝင်းနဲ့သမီး၊ သမက်၊မြေးတွေကိုဖမ်းချုပ်ပြီး ဇာတ်တူသားစားပြခဲ့တဲ့ တပ်ချုပ်ကြီးက “တတိယဖခင်ကြီး”ဆိုတဲ့ ဗိုလ်သန်းရွှေ။
    လက်ရှိဗမာ့တပ်မတော်ဟာ ဒေါ်စုအဖေ “တပ်မတော်ရဲ့ဖခင်ကြီး” ဗိုလ်အောင်ဆန်းတည်ထောင်ခဲ့တဲ့တပ်မဟုတ်တော့ပါဘူး။
    ဘယ်တော့များထပ်ပြီးဇာတ်တူသားစားပြမည့် “စတုတ္ထဖခင်ကြီး”ဆိုတါပေါ်လာဦးမှာလဲ။

  2. သမ္မတဦးဝင်းမောင် လုပ်ရဲကိုင်ရဲရှိခဲ့မယ်ဆိုရင် အိမ်စောင့်အစိုးရပေါ်လာစရာအကြောင်းမရှိပါ။ ဖဆပလကွဲစဉ်က ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီး ကြားနေသူ (သို့မဟုတ်) အတိုက်အခံတဦးကို ကြားဖြတ် ယာယီ အစိုးရဖွဲ့ခိုင်းပြီး (၃) လ နဲ့ (၆) လ အတွင်း ရွေးကောက်ပွဲ ခေါ်ယူနိုင် ပါတယ်။

    သမ္မတ (သို့မဟုတ်) ဘုရင်ခံချုပ်က ပါလီမန်ကို ဖျက်သိမ်းနိုင်တဲ့ အခွင့်အာဏာ ရှိနေတော့ သူက ဝန်ကြီးချုပ်ကို ရာထူးကနေရပ်ဆိုင်းပြီး၊ ကြားနေသူ (သို့မဟုတ်) အတိုက်အခံတဦးကို ကြားဖြတ် ယာယီ အစိုးရဖွဲ့ခိုင်းပြီး (၃) လ နဲ့ (၆) လ အတွင်း ရွေးကောက်ပွဲ ခေါ်ယူနိုင် ပါတယ်။
    ဥပမာ၊ ပါကစ္စတန် ဝန်ကြီးချုပ် ဘနစ်ဇီရာဘူတို ကို သမ္မတ ၂ ယောက်က ၂ ကြိမ်တိတိ ရာထူးကနေ ရပ်ဆိုင်း စေခဲ့ဘူးပါတယ်။ ၁၉၇၅ ခုနှစ်တုန်းကလည်း သြစတြေးလျ နိုင်ငံရဲ့ ဘုရင်ခံချုပ် ဆာဂျွန်ကဲရ် က ဝန်ကြီးချုပ် ဂေါက်ဝစ်လမ် ကို ရာထူးကနေဖယ်ရှားပြီး အတိုက်အခံခေါင်းဆောင်ကို ကြားဖြတ် အစိုးရ ဖွဲ့ခိုင်းခဲ့ဖူးတယ်။

Comments are closed.