ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – မင်နီ ကွင်းထားလိုက်

ကျော်ဟုန်း – မင်နီ ကွင်းထားလိုက်

(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၄

တကိုယ်စာဝပ်ကျင်းထဲက ခန္ဓာဟာ
မလူးသာမလှုပ်သာ စိတ်ချွန်းအုပ်ခံနေရချိန်
သတ်ကွင်းကို ရင်ဆိုင် ရဲရင့်မှ
ရွှေထီးနဲ့ မြေကြီး လဲခွင့်ကြုံနိုင်မယ်
သေမင်းကို မင်နီကွင်းထားလိုက်။

ဖုတ်သွင်းရထားပဲ ဆိုက်ဆိုက်
ကျောက်မီးသွေးစက်ခေါင်းရထားပဲ ဆိုက်ဆိုက်
တဘူတာပြီး တဘူတာပေါ့
အဟောင်းမှအသစ် ခရီးတွင်နိုင်အောင်
အန္တိမမှတ်တိုင်ကို မင်နီကွင်းထားလိုက်။

တကယ်ကို ဆေးဖက်ဝင်တဲ့အပြုံးတွေ ရှားပါးခေတ်
ဘေးထွက်ဆိုးကျိုးအတွက် စဉ်းစားစရာ မလို
မော့သောက်လိုက်ကြ ခါးခါး ကောင်းကောင်း
ပစ္စုပ္ပန်တောင် ခါးနေမှတော့
မောင်ကျန် တတို့  အနာဂတ်အတွက်
ချင်ချင်းကို မင်နီကွင်းထားလိုက်။

မြင်ကွင်းတွေ ခွေးအ ကျင်ငယ်ရည်နဲ့ ဖျန်းထားတဲ့ ည
မာယာထောင်ချောက်ပေါ်က သစ်ရွက်တွေဟာ
လရောင်အောက်မှာ အိနြေ္ဒကြီးနေမယ်
ခြေသံဖွဖွကို အာနာပါန မရှုနဲ့ 
အမှောင်မှာ ကျင့်သားရနေတဲ့
မျက်ဝန်းအစုံကို မင်နီကွင်းထားလိုက်။

ကွင်းဆက်ပြတ်ခြင်းဟာ သားဆက်ခြားခြင်းပဲ
ဇောနဲ့ ရမ္မက်ကြားမှာ ဗျာများနေမှုဟာ အန္တရာယ်
ရွှေထီးဆောင်းဖူးသူ ဓါးလွတ်ကိုင်ရချိန်
မဲမဲမြင်ရာခုတ်ဖို့  နောက်မတွန့် တတ်ကြောင်း
အသုံးလုံးက စပြီး သင်အံကျက်မှတ်ထား
ကျားကိုသတ်ချင်ရင် လေးကွက်သိုင်းတော့တတ်ထားလေ
ဘယ်ယိုင်ညာနင်းကို မင်နီကွင်းထားလိုက်။      ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts