ကဗျာ

လင်းအေးထင် – ဥသြဆွဲ တေးချင်း

လင်းအေးထင် – ဥသြဆွဲ တေးချင်း
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၄

ကွန်ရက်တွေ ဖွဲ့ ကြပါစို့ ဆို
ကျနော်လည်း ဘာလုပ်ရမှန်း မသိတာ နဲ့
ဖေ့စ်ဘုတ် အကောင့် အသစ် ဖွင့်ပါတယ်
ဒါပါနဲ့ဆို (၅) ခုရှိသွားပါပြီ ကိုယ့် ဆရာ။

ဂျီ တော့လ်ခ် ထဲ
ဘေဘီလေးတွေ အဲဗားဂေါ်လီတွေ ပါမကျန်
လူသစ်တွေ အက်ဒ်ပါတယ် ကိုယ့် ဆရာ။

နင့် မျက်နှာလည်း ငါ မမြင်ချင်
ငါ့ မျက်နှာလည်း ငါ မမြင်ချင် စိတ်ကလေး ခဏ ဖျောက်လို့
အဖွဲ့ တွေ အစည်းအဝေး တက်ပါတယ် ကိုယ့်ဆရာ။

အဖွဲ့သစ် ထောင်မဲ့ ဆုံးဖြတ်ချက်က လွဲပြီး
ကြိုက်တာ ဆုံးဖြတ်ကြပါ ကျေးဇူးကြီးပါရဲ့ဗျာ။

ဟုတ်တော့ ဟုတ်နေပြီ၊
မလုပ်ဖူးတာလည်း ဘာ တခုမှ မရှိဘူး။

မညီညွတ်သေးတာက လွဲပြီး ညီညွတ်ရေး သံ ဟာ ဟောင်းနွမ်း
လူမှုရေး မလုပ်ချင်ဘူး နိုင်ငံရေးပဲ လုပ်ချင်တာ ကျနော့် ရောဂါ
နားလည် ပေးကြပါ ခင်ဗျာ။

နိုင်ငံရေး မလုပ်နိုင်လို့ လူမှုရေး လုပ်နေကြရတာ ရင်နာစရာ
နားလည်ပေးပါ ခင်ဗျာ။

ဓာတ်ဆီ ဓာတ်ဆံ ပြက်လုံး သဖွယ်သာ
အငြိမ့် မင်းသမီးလေး က လှလွန်းလော့ ” ၀ ”  မျက်စိကျလယ်ပေါ့..၊
ဘေးကနေ ထောင်ကဲ မျက်စိကျနေပြီ သတိပေးတော့မှ ပြန်ကောက်တပ်လိုက်တာ
ပြောင်းပြန်တပ်မိလို့
ကိုယ့် ဗိုက်ထဲက ကိုယ့် ချီးတွေ ပြန်မြင်ပြီး အန်လိုက်ရတာ
နားလည်ပေးပါ ခင်ဗျာ။     ။

လင်းအေးထင်

Lin Htin (Lin Aye Htin) Facebook:
https://www.facebook.com/linayehtin

×××××

လင်းထင် (လင်းအေးထင်) ကဗျာ၊ စာ ဟောင်းများ ဖတ်ရန် –

မန္တလေးကို ရောက်ခဲ့တယ်
http://moemaka.com/archives/41135
http://moemaka.blogspot.com.au/2014/12/blog-post_52.html

ဘုရားပေါ်မှာ
http://moemaka.com/archives/41118
http://www.moemaka.blogspot.com.au/2014/12/blog-post_22.html

လွန်ခဲ့တဲ့ (၁၅) နှစ်
http://moemaka.com/archives/41080
http://www.moemaka.blogspot.com.au/2014/12/blog-post_43.html

ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ
http://moemaka.com/archives/40853
http://www.moemaka.blogspot.com.au/2014/11/blog-post_212.html

ဘာလဲဟဲ့ ရင်ကြားစေ့ရေး
http://moemaka.com/archives/40675
http://www.moemaka.blogspot.com.au/2014/11/blog-post_14.html

အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
http://moemaka.com/archives/39648
http://moemaka.blogspot.com.au/2014/09/blog-post_42.html

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html

ဂိုဂင်နီ
http://moemaka.blogspot.com.au/2013/08/linn-htin-essay.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts