ငြိမ်းချမ်းအေး ဖြစ်ရပ်များ၊ အမှတ်တရများ

ကိုရဲလွင် (မဇ္ဈိမလှိုင်း) – တကယ်ပါ

ကိုရဲလွင် (မဇ္ဈိမလှိုင်း) – တကယ်ပါ

(ခင်မောင်တိုး အမှတ်တရ စာစုများ – “မဟာဆန်သူ ရဲ့ ဒဏ္ဍာရီ (၂၀၁၄)” စာအုပ်မှ)

 ဓာတ်ပုံ – ဝေချစ်ကို (သော်ဒီဝေ)

ခင်မောင်တိုးနဲ့ ပတ်သက်လို့ ပြောစရာတွေကတော့ အများကြီး (အများကြီး) ပဲ။  ထူးခြားတဲ့ အဖြစ်အပျက် တခုတော့ အမှတ်တရပါပဲ။

ခရီးသွားဖော် သူငယ်ချင်း တယောက် ရယ်၊ ကိုယ် ရယ်၊ ခင်မောင်တိုး တို့ မိသားစု (၃) ယောက် ရယ် ဂျစ်ကား (၁) စီး နဲ့ မေမြို့ (ပြင်ဦးလွင်) ကို အနားယူ ခရီးထွက်ခဲ့ကြတယ်။  မြို့ အဝင်ဝမှာ အလှူခံ မဏ္ဍပ်ကြီး တခု ဆောက်ပြီး အလှူခံနေတာ ကြုံရတယ်။

ကျွန်တော်တို့က ဆံပင် အရှည်ကြီးတွေနဲ့ ခရီးထွက်လာခဲ့ကြတာ။  ကားကလည်း ဂျစ်ကား ဆိုတော့ ကျွန်တော်တို့ရဲ့ ဆံပင်တွေဟာ ခြောက်သွေ့ဖွာ လွင့်နေပြီး ဥပဓိ ရုပ်တွေက ကြမ်းထော်နေတယ်။  ဒီတော့ အလှူခံဖလား တွေ ကိုင်ပြီး လျှောက်လာတဲ့ အလှူခံတွေရဲ့ နောက်မှာ လုံခြုံရေး ဆိုတဲ့ လက်နက်ကိုင် အာဏာရသူတွေက လိုက်လာခဲ့ကြတယ်။

ပြီးတော့ ကျွန်တော်တို့ကို မာမာထန်ထန် မေးခွန်းတွေ မေးပြီး လွယ်အိတ် တွေကို ထုတ်ပြဖို့ တောင်းဆိုပါတယ်။  ဒီတော့ ကျွန်တော်က ပထမ ကျွန်တော့် လွယ်အိတ်ထဲက ပါလာတာတွေ ထုတ်ပြတော့ NLD က ဝေလိုက်တဲ့ စာစောင်တွေကို တွေ့သွားပါတယ်။  စာစောင်တွေမှာပါတဲ့ အကြောင်းအရာတွေကလည်း ဂန္ဒီ ခန်းမ လှုပ်ရှားမှုတွေမှာ အရေးကြီးတဲ့ အာဏာ လွှဲပြောင်းပေးရေး တောင်းဆိုချက်တွေ ဖော်ပြထားပါတယ်။

ဒါနဲ့ ကျွန်တော့်ကို သူတို့က ရန်သူလို့ သတ်မှတ်လိုက်ပြီး ရှေ့မဆက်ဖို့ ပိတ်ဆို့ လိုက်တယ်။  ဒီတော့ ကျွန်တော်နဲ့ အတူ အနားယူဖို့ ခရီးထွက်လာကြတဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း အာဏာပြ ဖမ်းဆီးလိုက်ပါတယ်။

ပြီးတော့ မန္တလေး ပြန်ပို့၊ မန္တလေးက MI ရုံး (စစ်ထောက်လှမ်းရေး) တခုမှာ သူငယ်ချင်း (၃) ယောက် တယောက် တခန်းစီ သော့ခတ်ထားလိုက်ပါတယ်။  ခင်မောင်တိုး ဆိုတာက အဲဒီ အချိန်မှာ ကတည်းက နိုင်ငံကျော် အဆိုတော် ဖြစ်နေပြီ။ မန္တလေးက ထောက်လှမ်းရေးတွေက သူ့ကို မသိဘူးဆိုတာ MI တွေရဲ့ ညံ့ဖျင်းမှု ကို ထင်ရှားစေတာပဲ။

ဘာပဲ ပြောပြော မဇ္ဈိမလှိုင်း ဂီတ နဲ့ ရင်းနှီးခဲ့ကြသူတွေဟာ မတရားမှုကို  မကြောက်ဘူးဆိုတာ ထင်ရှားစေခဲ့ပါတယ်။  ငြိမ်းချမ်းရေးရဖို့ ဆိုရင် အမြဲပဲ ရှေ့တန်း ထွက်ခဲ့ကြသူတွေပါ။  အဓမ္မမှု ကို အရှုံးမပေးဘူး၊ ဒူးမထောက်ခဲ့ဘူး။

အမှန်အတိုင်း သစ္စာဆိုပြောရမယ်ဆိုရင် “ခင်မောင်တိုး” ကို ကျွန်တော် “ရဲကြီး” တရက်မှ မေ့မရပါဘူး။  ခင်မောင်တိုး ဆိုခဲ့တဲ့ တော်လှန်ရေး သီချင်းတွေ နေ့စဉ်နဲ့ အမျှ ဂစ်တာတီး သီချင်းဆိုပြရင်း တော်လှန်ရေးခရီး ဆက်ချီတက် နေခဲ့ပါတယ်။  တကယ်ပါ။

မေတ္တာဖြင့်

ကိုရဲလွင် (မဇ္ဈိမလှိုင်း)

××××××××

ခင်မောင်တိုး ( ဖွား – ၀၂၊ ဧပြီ၊ ၁၉၅၀ – ၁၅၊ နိုဝင်ဘာ၊ ၂၀၁၂ ဆုံး) အမှတ်တရ စာအုပ် နှင့် အင်္ကျီ

မှတ်ချက် — မိုးမခ ပရိသတ် အတွက် ခင်မောင်တိုး အမှတ်တရ စာစုများ -“မဟာဆန်သူ ရဲ့ ဒဏ္ဍာရီ” (၂၀၁၄) စာအုပ် အမြည်းသဘော တင်ဆက်ခြင်း ဖြစ်ပါသည်။  အခကြေးငွေ ဖြင့် ထပ်ဆင့် ဖြန့်ချိခြင်း မပြုရန် အလေးအနက် သတိပေးပါသည်။  စီးပွားဖြစ် အသုံးချရန် မဟုတ်ပါ။  ဈေးကွက်တွင် စာအုပ်ကို တရားဝင် ဝယ်ယူ သိမ်းဆည်း ဖတ်ရှု အမှတ်တရ လုပ် ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုပါ။

ဓာတ်ပုံများကို ပန်းချီဆရာ၊ ဒီဇိုင်းဆရာ၊ ကဗျာ ဆရာ၊ တေးရေး ဆရာ ဝေချစ်ကို (သော်ဒီဝေ) ထံမှ ယူပါသည်။

Wai Chit Ko Facebook: 

https://www.facebook.com/waichit.ko

ဗမာ့ ကိုယ်ပိုင်သံစဉ် စတီရီယို ဂီတ ၏ အဖိုးမဖြတ်နိုင်သည့် ဂီတပညာရှင် ရောင်းရင်း နှစ်ဦး ၏ ပေါင်းဖက်မှု “လင်းပါလေရှင်နေမင်း” သီချင်း ကိုလည်း မိုးမခ ပရိသတ် အတွက် လက်ဆောင်ပါးလိုက်ပါသည်။

ချစ်သော ဗမာပြည်တွင် ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုမောင်မောင်၊ ခင်မောင်တိုး နှင့် မဇ္ဈိမလှိုင်း အဖွဲ့ ရည်မှန်းကြိုးစားခဲ့သည့် ဒီမိုကရေစီ နေမင်းကြီး အမြန်ဆုံး ထွန်းလင်းနိုင်ပါစေ။  ငြိမ်းချမ်းရေး အသီးအပွင့် ခံစား၊ ဖွံ့ဖြိုးတိုးတက် ချမ်းသာမှု ရရှိ လူ့ဘောင်သစ် အမြန်ဆုံး တည်ဆောက် နိုင်ပါစေ။  တပါတည်း ကိုယ်ပိုင်သံစဉ် ဂီတ လောကလည်း စည်ပင်ဝပြော နိုင်ငံတကာသို့ ထိုးဖောက်နိုင်စေ ကြောင်း မိုးမခ က ဆုမွန်ကောင်းတောင်း မျှော်လင့်မိကြောင်းပါ။

….

လမိုက်တဲ့.. ညတွေ.. လွန်ခဲလှတယ်..

မိုးသည်းတဲ့.. နေ့တွေ.. ရှည်လျား.. လွန်းတယ်..

ရှင်နေမင်း.. မလင်းသာပေ..

တိမ်စိုင်များ.. မည်းမှောင်နေ..

စီးဆင်းတဲ့.. မျက်ရည်.. ညစ်ထေး.. လှတယ်..

သွန်းဖြိုးတဲ့.. မျက်ရည်.. ပူဆွေးမှု.. ကြွယ်..

ရှင်နေမင်း.. မလင်းသာပေ..

မှောင်ရိပ်များ မင်းမူနေ…

သို့ပေမဲ့.. လေ..

လောကဓမ္မ.. ရှိသေးတယ်..

ဆိုးပေမဲ့.. လည်း..

အကောင်းဆုံးကို.. ကြုံနိုင်တယ်..

သွားလွန်းတော့.. ရောက်ရင်..

ရပ်နားရမယ်..

လမ်းဆုံးတော့.. ပန်းတိုင်..

ဆွတ်ခူးရမယ်..

ရှင်နေမင်း.. လင်းပါလေ..

ရောင်ခြည်ထွေး.. နွေးပါစေ..

….

လင်းပါလေ ရှင်နေမင်း (3rd Version) ၊ သံစဉ်/စာသား – ကိုရဲလွင် (မဇ္ဈိမလှိုင်း) ၊ တေးဆို – ခင်မောင်တိုး ၊ တေးဂီတ – မဇ္ဈိမလှိုင်း (The Medium Wave) ၊ တေးစု – မျက်သွယ် လက်ရွေးစင် တေးစု (၁၉၈၆)

(မူရင်း မှာ ခင်မောင်တိုး ၏ ဝိုင်းရဲ့ဆည်းဆာ (၁၉၈၁) တေးစု ၌ ပါခဲ့သည်။ ဒုတိယ ဗားရှင်း မှာ စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာ သီချင်းများ (၁၉၈၂) တွင် ပါဝင်ခဲ့သည်။)

YouTube Music Video URL: http://youtu.be/EIJPXPPu_sg

××××××××

မိုးမခ တွင် ဖော်ပြခဲ့ဖူးသည့် ကိုရဲလွင် ရေး ခင်ဝမ်း အလွမ်းစာ တပုဒ်၊ ကိုရဲလွင်၊ ခင်မောင်တိုး နှင့် မဇ္ဈိမလှိုင်း အုပ်စု ၏ ရုပ်ပုံလွှာ ဖွဲ့ အမှတ်တရ စာစု တချို့ —

ကိုရဲလွင် (မဇ္ဈိမလှိုင်း) – ကျွန်တော့်သူငယ်ချင်း ကိုခင်ဝမ်း

http://moemaka.com/archives/31817

http://www.moemaka.blogspot.com.au/2013/02/khin-one-by-ko-ye-lwin.html

ကိုတင်အေးကြူ – ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်

http://moemaka.com/archives/40193

http://www.moemaka.blogspot.com.au/2014/10/blog-post_89.html

မင်းကျော်ခိုင် –  ကျနော်နဲ့ ဂီတသူရဲကောင်းများ

http://moemaka.com/archives/904

http://moemaka.blogspot.sg/2013/08/min-kyaw-khine-me-and-my-musician-heroes.html

မင်းကျော်ခိုင် –  ကျနော်နဲ့ ဂီတသူရဲကောင်းများ (၂)

http://moemaka.com/archives/853

http://www.moemaka.blogspot.com.au/2013/09/min-kyaw-khine-me-and-my-musician.html

မင်းကျော်ခိုင် –  ကျနော်နဲ့ ဂီတသူရဲကောင်းများ (၃)

http://moemaka.com/archives/35387

http://moemaka.blogspot.com.au/2014/01/blog-post_26.html

ငြိမ်းချမ်းအေး – သိန်းငှက်ပျို ရဲ့ ဖြစ်တည်မှု

http://moemaka.com/archives/40626

http://www.moemaka.blogspot.com.au/2014/11/blog-post_4.html

ငြိမ်းချမ်းအေး – ဝိုင်းရဲ့ဆည်းဆာ၏ နိဂုံး

http://moemaka.com/archives/29173

 

http://moemaka.blogspot.com.au/2012/11/nyein-chan-aye-articles.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ကိုရဲလွင် (မဇ္ဈိမလှိုင်း) – တကယ်ပါ
  1. “စီးဆင်းတဲ့ မြစ်ရေ.. ညစ်ထေးလှတယ်” ဖြစ်ရပါမည်။ စာရိုက် မှား သွားပါသည့် အတွက် တောင်းပန် ပါသည်။

Comments are closed.