လင်းထင် – ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ

 

လင်းထင် – ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ

(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၄

အလယ်ခေတ် အီတာလျံ ကဗျာဆရာ ဒန်ထေရဲ့ ဘုံခန်း ငရဲခန်းကို ဖွဲ့တဲ့ မဟာ အဲပစ် ကဗျာမယ် (၃) ပိုင်းပါတယ်။

အင်ဖာနို ဆိုတာ ငရဲခန်းပေါ့။

နောက် ပါ့ဂတ်ထရီ… ကောင်းကင်ဘုံနဲ့ ထိုက်တန်အောင် ၀ိညာဉ်တော် သန့်စင်ရာ ကြားကာလပေါ့၊ ဘုံပေါ့။

(အင်း ဒါတွေဟာ ကာလလား၊ ဒေသလား အတော်ခွဲခွဲခြားခြား ပြောရခက်ပ၊ နှိုင်းရဆရာ အိုင်းစတိုင်းကတော့ အချိန် တိုင်းမ် ဆိုတာ စပေ့စ် ရှိမှ ယှဉ်တွဲဖြစ်ထွန်းပြီး ကိန်းသေလည်း မဟုတ် ပြောင်းနိုင်တဲ့ (၄) ခုမြောက် ဒိုင်မေးရှင်းတဲ့၊ ထားတော့။)

ဒန်ထေ ဆီ ပြန်သွားရရင် နောက်ဆုံး အပိုင်းက ပါရာဒိုက်ဇ်ပေါ့ သုခဘုံ ပေါ့။

တောင်တောင်အီအီတွေ လျှေက်ပြောနေတာ၊ တကယ် စိတ်ထဲပြောချင်နေတာ ဒန်ထေက ရေးတယ်။

ငရဲ အ၀င်မယ် မုခ်ဦးရှိသတဲ့။  မုခ်ဦးမယ် စာတွေ ရေးထားသတဲ့။  အောက်ဆုံး စာကြောင်းက တယ် နာမည်ကြီးပြီး အကိုးအကားလည်း များတယ်။

ဘာတဲ့ “Lasciate ogne speranza, voi ch’intrate”

ယင်းဂလိပ်လို “Abandon all hope, ye who enter here” တဲ့။

ရှင်းတယ်နော်..။

“ငရဲလားမှတော့ မျှော်လင့်ချက် မထားနဲ့၊ ဂိတ်ဝမယ် စွန့်ခဲ့” တဲ့။

လွှတ်တော် နိုင်ငံရေးလမ်း လိုက်သူများကိုလည်း ဒန်ထေ့ အင်ဖာနိုကို ရွတ်ပြရုံပ။

စစ်အုပ်စု ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ။

လင်းထင်

Lin Htin Facebook

https://www.facebook.com/linayehtin?fref=nf

လင်းထင် ဆောင်းပါး ဟောင်းများ ဖတ်ရန် –

ဘာလဲဟဲ့ ရင်ကြားစေ့ရေး

http://moemaka.com/archives/40675

http://www.moemaka.blogspot.com.au/2014/11/blog-post_14.html

အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော

http://moemaka.com/archives/39648

http://moemaka.blogspot.com.au/2014/09/blog-post_42.html

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်

http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html

ဂိုဂင်နီ

 

http://moemaka.blogspot.com.au/2013/08/linn-htin-essay.html