လင်းနွေးအိမ် – ကိုပါကြီး ရေ …

လင်းနွေးအိမ် – ကိုပါကြီး ရေ …

(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၄

ကြေးစည်မထု ရေအိုးမခွဲလိုက်ရပေမယ့်

ကိုပါကြီးရဲ့ အော်သံက

တရားလက်လွတ်ခေတ်အတွက် ဘဝဂ်ညံသွားခဲ့ပြီလေ။

သူ့ လက်ထဲကကင်မရာမီးဟာ

အမှောင်ခေတ်ကို တဖြတ်ဖြတ်နဲ့ ထိုးပြလိုက်ပြီပေါ့။

တရားမျှတမှုလိုချင်သူမှန်သမျှ

ပါကြီးရေလို့  ကောင်းကင်ယံထိအော်လိုက်ကြ။

ပြီးတော့ မချိမဆန့် နဲ့ နောက်ဆုံးထွက်သက်ရှူသွားမယ့်

ကိုပါကြီးအတွက်

ကျနော်တို့ ရဲ့ခွန်အားကို ဓါတ်ခဲတလုံးအနေနဲ့ သုံးပြီး

သူ့ ကင်မရာမီးအတွက်အားဖြည့်ဂုဏ်ပြုလိုက်ကြစို့ ။

လင်းနွေးအိမ်

အောက်တိုဘာလ ၂၄ ရက် ၂၀၁၄။