Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) ကျော်ကြားထင်ရှားသူတို့အတွက် အပ်ချုပ်ဆိုင် ၄၉ နှစ် ပြည့်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ရန်နောင်(ဗိုလ်တထောင်) ကျော်ကြားထင်ရှားသူတို့အတွက် အပ်ချုပ်ဆိုင် ၄၉ နှစ် ပြည့်
စက်တင်ဘာ ၂၅၊ ၂၀၁၄

ရန်ကုန်မြို့ ၏ အထင်ကရ ဈေးကြီးတစ်ခုဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းဈေး တွင် နှစ်ပေါင်း (၄၉) နှစ်တိုင်တိုင် အောင် ဖွင့်လှစ်ကာ အမျိုးသား၊ အမျိုးသမီး များအတွက် အမျိုးသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ၊ ယူနီဖောင်း(တူညီဝတ်စုံ) များကို အဆင့်မှီခေတ်မှီ ချုပ်လုပ်ပေးနေသော လစ်ဘရယ် အပ်ချုပ်ဆိုင်၏ ဆိုင်တည်ထောင်ခြင်း (၄၉)နှစ်ပြည့် ဝန်ထမ်းမိသားစုများ ပျော်ပွဲရွှင်ပွဲကို ရန်ကန်ုမြို့ ဗဟန်းမြို့နယ်ရှိ အမ် သရီး စားသောက်ဆိုင်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက် (တနင်္လာနေ့) ညနေ ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

“ကျွန်တော်တို့ လစ်ဘရယ် အပ်ချုပ်ဆိုင် အနေနဲ့ ၁၉၆၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ ကျွန်တော် နိုင်ငံခေါင်းဆောင်တွေထဲက ဆိုရင် အထင်ရှားဆုံး ယခင်ပါတီဥက္ကဋ္ဌကြီးကို ကျွန်တော် ကိုယ်တိုင် တိုင်းပြီး အင်္ကျီချုပ်ပေးဖူးပါတယ်။ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ သားကိုလည်း တိုက်ပုံချုပ်ပေးခဲ့ဖူးပါတယ်။ မင်းသားတွေ၊တခြားထင်ရှားကျော်ကြားတဲ့သူတွေကိုလည်း ချုပ်ပေးခဲ့ရပါတယ်။ကျွန်တော်တို့ အခု ဆိုင်တည်ထောင်တာ ၄၉ နှစ်မြောက်ပါ။နောက်နှစ် နှစ် ၅၀ ရွှေရတု ကျရင်တော့ မြန်မာ့ ရိုးရာ ဝတ်စုံ တွေနဲ့ ဖက်ရှင်ပွဲလေး တစ်ပွဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ မြန်မာတိုင်း ကိုယ်ပိုင် အမျိုးသားဝတ်စုံကို အလေးထား တတ်အောင်၊မြန်မာ့ တိုက်ပုံကို တမြတ်တနိုး ဝတ်ဆင်နိုင်အောင် လို့ ဒီလို ဖက်ရှင်ပြပွဲကို ပြုလုပ်မှာပါ”

ဟု လစ်ဘရယ်အပ်ချုပ်ဆိုင်ပိုင်ရှင် ဦးသက်ချို ဦးမှ ပြောပြခဲ့ပါသည်။

 

အခမ်းအနား စတင်သောအခါ ကိုသိန်းဇော်ဦး မှ အခမ်းအနားမှူးး အဖြစ်ဆောင်ရွက်ပြီး လစ်ဘရယ် ပိုင်ရှင် ဦးသက်ချိုဦး မှ ဝမ်းမြောက်ဂုဏ်ယူစကားပြောကြားပြီး ၂၀၁၃-၁၄ ခုနှစ်အတွင်း အကောင်းဆုံးဝန်ထမ်းဆုများကို ချီးမြှင့်ကာ ဝန်ထမ်းများပျော်ရွှင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts