လင်းနွေးအိမ် – “မိုးလေဝသ သတင်းသစ်”

လင်းနွေးအိမ် –  “မိုးလေဝသ သတင်းသစ်”
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၄

ကြွက်ကိုကစားနေတဲ့ကြောင်ဟာ

ကလူကျီစယ်နေတာမဟုတ်ဘူး။

ယမ်းနံ့ မပျယ်သေးတဲ့လက်နဲ့ မုဆိုးက

သွေးအလိမ်းလိမ်းနဲ့ သားကောင်ကို ခွဲစိပ်နေတာ

ကုသပေးဖို့ မဟုတ်ဘူး။

ဝက်ကိုအစာကျွေးတာ

အသားတိုးဖို့ ဆိုတာမမေ့နဲ့ ။

တိုက်ကြက်ကိုရေခွံ့ ပြီး ချွဲချူတာ

အနားယူခိုင်းတာမဟုတ်ဘူး။

နားတွေကိုဆန့် နိုင်သမျှဆန့် ထားကြ

လက်တွေကိုမြဲနိုင်သမျှဆုပ်ကိုင်ကြ

မုန်တိုင်းဆိုတာ ရာသီမရွေးသလို

ခြေခင်းလက်ခင်းသာတဲ့ရာသီဆိုတာလဲ လူတိုင်းခံစားခွင့်ရှိတယ်။

၂၀၁၄ စက်တင်ဘာလ ၁၇ ရက်

(Photo – Aung Htet)