ရန်လင်းအောင် – ရေးလက်စ

    ရန်လင်းအောင် – ရေးလက်စ

သြဂုတ် ၂၁၊ ၂၀၁၄

သူတောင်စားက စပြီး
သမ္မတ အထိ
အားလုံး
ရေးလက်စတွေပါပဲ ။

မှားပါ မှန်ပါ

ပြင်ပါ ဆင်ပါ

ဖြည့်ပါ စွက်ပါ ၊

ရေးချင်လည်း ရေး

မရေးချင်လည်း ရေး ၊

အသေခံရေးသူလည်းရှိ

သေအောင်ရေးသူလည်း ရှိ

မသေရုံတမယ် ရေးရသူလည်းရှိ

မသေအောင်ရေးကြသူတွေလည်းရှိ

ချုံ့လိုသပဆို ချုံ့

ချဲ့လိုသပဆို ချဲ့

လိုရင်းက အရင်းပဲ လိုတယ်

ဂုတ်ပေါ်ဝဲနေတဲ့ ဓါးလို

ရေးလက်စနေ့တွေ

နားရင်း နား ၀ီခေါ်နေတဲ့ ကျည်ဆံတွေလို

ရေးလက်စနေ့တွေ

တစ်နေ့နေ့

ရာဇာပလ္လင်ဖင်ကပ်နိုးနိုး

တစ်နေ့နေ့

စကြာရတနာ ဆိုက်နိုးနိုး

ရေးလက်စနေ့တွေ

ကြည့်မကောင်းလည်း ထပြန်မရ

ကြားမကောင်းလည်း ကျော်မရ ခွမရ

အခု ရေးလက်စဟာ

နောက်ဆုံးတစ်ကြောင်းဆို

အရေးပါတဲ့ အရေးဟာ

ဘာအရေးလဲ ။                         ။

Photo Credit – www.guitarbench.com