ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) နိုင်ငံတကာရေးရာ

ကိုရင်ဝါ – ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ဖြစ်မြောက်ရေး ဓမ္မဘေရီဆရာတော်က ကျပ်ငွေ ၁၀သိန်း လှူဒါန်း

 

ကိုရင်ဝါ – ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ဖြစ်မြောက်ရေး ဓမ္မဘေရီဆရာတော်က ကျပ်ငွေ ၁၀သိန်း လှူဒါန်း
သြဂုတ် ၂၀၊ ၂၀၁၄

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် တွင် ကွယ်လွန်သူ ဗမာလွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ် ၁၀၀ ရာပြည့် ရာပြည့်ပွဲတော်ကြီး ကျင်းပကြမည်ဟု သိရသည်။ အဆိုပါပွဲဖြစ်မြောက်ရေးအတွက် သြဂုတ် ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စုသို့ သာသနာပြု ရောက်ရှိနေသော ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း) ဆရာတော်က  အလှူငွေ ကျပ်တဆယ်သိန်း ပေးအပ်လှူဒါန်းခဲ့သည်။ လှူဒါန်းမှုကို ပွဲတော်ဖြစ်မြောက်ရေး အတွင်းရေးမှူး ဒေါက်တာစိုးမင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် ကန်ဦးကျောင်းမှာ လက်ခံရယူခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့် မွေးနေ့ပွဲတော်ကြီးကို ဗိုလ်ချုပ်ဇာတိ နတ်မောက်မြို့၌ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၃ ရပ်နေ့အထိ  ပြပွဲ ပြိုင်ပွဲ ဖျော်ဖြေပွဲများ၊ စာပေဟောပြောပွဲ တရားပွဲများ မော်ကွန်းကဗျည်းကျောက်စာတိုင်ဖွင့်လှစ်ခြင်းများ ဖြင့် စည်ကားသိုက်မြိုက်စွာ ခြိမ့်ခြိမ့်သဲ ကျင်းပသွားမည်ဟု ပွဲစီစဉ်သူများထံက သိရှိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts