Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင် (ဗိုလ်တထောင်) – မှူးသစ်၏ မျှော်လင့်ခြင်း ချောင်းကြည့်ပေါက်ကို မိတ်ဆက်

ရန်နောင် (ဗိုလ်တထောင်) – မှူးသစ်၏ မျှော်လင့်ခြင်း ချောင်းကြည့်ပေါက်ကို မိတ်ဆက်
သြဂုတ် ၁၀၊ ၂၀၁၄
 သတင်းသမားအဖြစ်လုပ်ကိုင်ရင်း ရေးသားခဲ့သည့် မြန်မာ့နိုင်ငံရေးဆောင်းပါးနှင့် သတင်းဆောင်းပါးများ ကိုစုစည်းပြီး “ ချောင်းကြည့်ပေါက်မှသည် မျှော်လင့်ခြင်း ဒီမိုကရေစီသို့ ” စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းအောက်လမ်း ရှိဟုမ်းမီဒီယာခန်းမတွင် ၂၀၁၄ခုနှစ် သြဂုတ်လ(၉)ရက်နေ့ နေ့လည် ၃နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
 (သော်ဇင်အုန်း)
 (သင်းသင်းသာ)

အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် အခမ်းအနားမှူးအဖြစ်ကဗျာဆရာ၊The Street View ဂျာနယ်အယ်ဒီတာ ဆရာသော်ဇင်အုန်းမှဆောင်ရွက်ခဲ့သည်။စာအုပ်မိတ်ဆက်ပွဲတွင် ဆရာမသင်းသင်းသာ၊ ဆရာကျော်မင်းဆွေ၊ ဆရာမ ယမင်းတို့မှ အမှတ်တရမုဒိတာစကားပြောကြားပေးခဲ့ကြပြီး  ဦးတင်မောင်ဆန်း (ယခင်ကျောင်းသားလွတ်မြောက်ရေးတပ်မတော် တပ်မှူး၊သေဘောထိုးစခန်း)မှလည်း ဆရာမှူးးသစ်အတွက် အောင်မြင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသောကဗျာဆရာများက ကဗျာများရွတ်ဆို၍ ဆရာမှူးသစ်အားဂုဏ်ပြုခဲ့ကြသည်။

 (ကျော်မင်းဆွေ)
(တင်မောင်ဆန်း)
  စာရေးဆရာမှူးသစ်သည် လူငယ်သတင်းသမားတစ်ယောက်အဖြစ်လုပ်ကိုင်ရင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အတွင်းက နိုင်ငံရေးဖြစ်ရပ်များ၊ တိုင်းပြည်အတွင်းကြုံတွေ့ခဲ့ရသောသတင်းဖြစ်ရပ်များနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များအပေါ် အဓိကထား၍ ယခုဆောင်းပါးများကို ရေးသားထားခြင်းဖြစ်သည်။
 (ယမင်း)
 (ကဗျာများ ရွတ်ဆို ဂုဏ်ပြုစဉ်)
ယနေ့သတင်းဖြစ်ရပ်များက နောင်တချိန်တွင် သမိုင်းဖြစ်လာမည်ဆိုသည်ကို ယုံကြည်သည့် အတိုင်း နောင်အနာဂတ်၌ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အား သမိုင်းအဖြစ်ပုံဖော်ရေးသားရာတွင် စာအုပ်ပါ အကြောင်းအရာ အချက်အလက်များက တစ်စွန်းတစ်စအဖြစ် ပံ့ပိုးကူညီနိုင်မည်ဟု မျှော်လင့်မိပါကြောင်းလည်း ဆရာမှူးးသစ်က ပြောကြားခဲ့သည်။

ဆရာမှူးသစ်သည် The Stret View ဂျာနယ်တွင် လက်ထောက်အယ်ဒီတာအဖြစ်လုပ်ကိုင်လျက်ရှိပြီးမဂ္ဂဇင်း၊ဂျာနယ်နှင့် အွန်လိုင်းစာမျက်နှာများတွင် မှူးသစ်၊ မင်းသူ၊ မူးရစ်စသည့် ကလောင်များဖြင့် ကဗျာများ၊ဆောင်းပါးများ၊ရသအက်ဆေးများ ၊ သရော်စာများရေးသားလျက်ရှိသည်။

ထိုစာအုပ်အား လမင်းသစ်စာပေမှထုတ်ဝေကာ တန်ဖိုး ၂၀၀၀ကျပ်ဖြင့် သြဂုတ်လတွင် ဖြန့်ချိလိုက်ပြီဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts