မှတ်စုမှတ်တမ်း

မိုးမခ – ဘဝတစ်ခု (၈၈၈၈ ဂုဏ်ပြု)

မိုးမခ  – ဘဝတစ်ခု (၈၈၈၈ ဂုဏ်ပြု)
သြဂုတ် ၀၇၊ ၂၀၁၄


ဒီဇိုင်း –  ကိုမျိုး


ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး (၂၆) ပြည့် အထိမ်းအမှတ် အဖြစ် (ကို) မွန်းအောင် ၏ တော်လှန်ရေး သီချင်း တစ်ပုဒ် ကို မိုးမခ ပရိသတ် အတွက် တင်ဆက်လိုက်ပါသည်။  ဤ သီချင်းပါ တေးစု မှာ (ကို) မွန်းအောင် ၁၉၉၈ ခုနှစ်၊ နော်ဝေ နိုင်ငံ အော်စလိုမြို့တွင် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှု (၁၀) နှစ်ပြည့် အထိမ်းအမှတ် အသံသွင်း ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

 

 

ဓာတ်ပုံမျှဝေသူ – ဦးအောင်မြင်အုန်း

ဘဝတစ်ခု
သံစဉ် – Abdul ၊ စာသား – ဒေါင်းညို
တေးဆို – မွန်းအောင်
တေးစု – လွတ်မြောက်ရာလမ်း (၁၉၉၈)


Guitars: Abdul, Bass, Jon Tvinderheim, Drums & Percussion: Stig Sjostrom, Piano & Keyboard: Morten Reppesgaard, Strings: Vertavo Quartet, Harmonica: Lasse Hafreager, Saxophones, Torben Snekkestad, Harmony: Solveig Brekke
Musical Arrangement by Abdul & Morten Reppesgaard.
Sound Engineering and Mixing by Kenneth M. Lewis
Digital Recording by @ Waterfall Studios, Oslo, Norway.

 
မွန်းအောင် (၁၉၆၀-)
ဓာတ်ပုံမျှဝေသူ – ကိုသားငယ် @ ကိုဇင်ဝေလတ်
ဘဝတစ်ခု.. မို့.. တို့တတွေ.. ရဲ့.. နေ့.. လ.. ဆက်.. စီး.. မျက်ရည်..
အာဏာရှင်တွေ.. သနား.. ဖို့.. မဟုတ်လေဘူး..

ဘဝတစ်ခု.. မို့.. တို့တတွေ.. ရဲ့.. အနှစ်နှစ်ဆက်.. ပေး.. ချွေး.. တွေ..
အာဏာရှင်.. စေခိုင်း.. ဖို့.. မဟုတ်ပေဘူး..

ဘဝတစ်ခု.. မို့.. တို့တတွေ.. ရဲ့.. နှစ်.. လ.. ဆက်.. သွေးပွက်တွေ..
အာဏာရှင်.. ခြေဆေး.. ဖို့.. မဟုတ်ချေဘူး..

ဘဝတစ်ခု.. မို့.. တို့တတွေ.. ရဲ့.. နေ့.. လ.. နှစ်.. ဆွေး.. အဆွေး.. တွေ..
အာဏာရှင်.. ရယ်သွေး.. ဖို့.. မဟုတ်နိုင်ဘူး..

ယုံကြည်ချက်.. ဆုပ်ကိုင်ရင်း.. ညီညွတ်ခြင်း.. ရဲရင့်ခြင်း..
တော်လှန်ခြင်း.. စွန့်လွှတ်ရင်း..
အမှောင်ကိုခွင်း.. ထွင်းမယ်.. ဟေ့..

ဘဝတစ်ခု.. အတွက်.. စီးတဲ့ မျက်ရည်..
ဘဝတစ်ခု.. အတွက်.. ပေးတဲ့.. ချွေးတွေ..
ဘဝတစ်ခု.. အတွက်.. ကျတဲ့.. သွေးတွေ..
ဘဝတစ်ခု.. အတွက်.. ဆွေးတဲ့.. အဆွေးတွေ..

 

Music Video URL: http://youtu.be/hcHfvRV6Q1E


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts