နိုင်ငံတကာရေးရာ

ဒိုင်းနမိုက် – မင်နီဆိုးတားပြည်နယ် ချီဆာကိုမြို့သီတဂူဓမ္မဝိဟာရကျောင်းသစ်သို့ သီတဂူဆရာတော်ကြီး ဖွင့်လှစ်ပေး

 

ဒိုင်းနမိုက် – မင်နီဆိုးတားပြည်နယ် ချီဆာကိုမြို့သီတဂူဓမ္မဝိဟာရကျောင်းသစ်သို့ သီတဂူဆရာတော်ကြီး ဖွင့်လှစ်ပေး

ဇူလိုင် ၂၇၊ ၂၀၁၄

သီတဂူဆရာတော်ကြီး နှင့်လိုက်ပါလာသောအဖွဲများ ဇူလိုင်လ ၂၂ ရက်က အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်ရှိ ချီဆာကိုမြို သို့ ရောက်ရှိခဲ့ပါသည်။ ဆရာတော်ကြီး ရောက်ရှိစဉ် မင်နီဆိုးတားတွင်ရှိကြသော ဒကာဒကာမများက သီတဂူဆရာတော်ကြီး၏ပုံပါပိုစတာ ကိုင်ဆောင်ကာ Minneapolis လေဆိပ်မှာ လှိုက်လှဲဝမ်းမြောက်စွာဖြင့် ကြိုဆိုခဲ့ကြပါသည်။

သီတဂူဓမ္မဝိဟာရကျောင်းသစ်ဖွင့်ပွဲသို့ ကယ်လီဖိုးနီးယား၊ တက္ကဆပ်နှင့် ဖလော်ရီဒါပြည်နယ်များမှ သံဃာတော် ၁၂ ပါးခန့် လည်းလာရောက်ခဲ့ကြပါသည်။ ၎င်းအပြင် ယ္ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီးနေအောင်လည်း ဆရာတော်ကြီးနှင့်အတူလိုက်ပါလာခဲ့ပါသည်။  

သီတဂူဆရာတော်ကြီးနှင့်သံဃာတော်များက သီတဂူဓမ္မဝိဟာရကျောင်းသစ်တွင် သီတင်းသုံးခဲ့ကြပြီး

ဇူလိုင်လ ၂၄ ရက်နေ့ တွင် သီတဂူဓမ္မဝိဟာရကျောင်းသစ်ကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ကာ ကျောင်းသစ်ဖွင့်ပွဲသို့ ပရိဿတ်အင်အား၂၀၀ခန့်  တက်ရောက်ကြသည်။ ကြွရောက်လာကြသောပရိဿတ်ကြီးအား သီတဂူဆရာတော်ကြီးမှ သာသနာတော်ကြီးအတွက် ပေါင်းစည်းညီညွတ်ရေး တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။ 

ထို့ အပြင် ရှေ့လာမည့်အနာဂါတ်ကာလအတွက် အမေရိကန်ပြည်ထောင်စုတွင် ဗုဒ္ဓသာသနာထွန်းကားစေရန်ရည်သန်၍ မင်နီဆိုးတားရှိ ၂၃ ဧကခန့် ကျယ်ဝန်းသောသီတဂူဓမ္မဝိဟာရကျောင်း မြေဧရိယာအတွင်း ရွှေတိဂုံစေတီတော်ပုံတူ စေတီတော်တဆူအား တည်ထားကိုးကွယ်မည်ဟုလည်း ဆရာတော်ကမြွက်ကြားသွားပါသည်။

 

 ထို့ အပြင် သီတဂူဓမ္မဝိဟာရကျောင်းသစ်တာဝန်ခံ ကျောင်းထိုင်ဆရာတော်အဖြစ် ဒေါက်တာအရှင် ဦးသြသဓသာရကို၎င်း၊ လက်ထောက်ကျောင်းထိုင်ဆရာတော်အဖြစ် အရှင်တိက္ခဥာဏလင်္ကာရအား၎င်းအသီးသီး
တို့ ကို ဆရာတော်မှ တာဝန်ပေးအပ်ခဲ့ပါသည်။ 

ထိုနေ့တရားပွဲကို မွန်းလွဲ ၂း၀၀နာရီ တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး မွန်းလွဲ ၃း၀၀ နာရီခန့်တွင်ဆရာတော်နယူးယောက်မြို့ူသို့ ပြန်လည်ကြွချီသွားပါသည်။

သီတဂူဆရာတော်ကြီးသည် မင်နီဆိုးတားရှိ သီတဂူဓမ္မဝိဟာရကျောင်းကို ၂၀၀၆ ခုနှစ်တွင် က စတင်တည်ထောင်ပေးခဲ့ပြီး ယခုလက်ရှိတွင် တက္ကဆပ်ပြည်နယ် အော်စတင်မြီု့ ၌ သီတဂူဗုဒ္ဓဝိဟာရကျောင်း နှင့် ဖလော်ရီဒါပြည်နယ် ဟာဗာဟေးမြို့ ၌ သီတဂူသံဃာ့ဝိဟာရကျောင်းတို့ ကိုတည်ထောင်ထားပေးခဲ့ပြီးဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts