ရန်နောင်(ဗိုလ်တထောင်) – ရွာစဉ်လှည့် ဆိုင်ကယ်ကုန်စိမ်းသည်

ရန်နောင်(ဗိုလ်တထောင်) – ရွာစဉ်လှည့် ဆိုင်ကယ်ကုန်စိမ်းသည်

မိုးမခဓာတ်ပုံသတင်း၊ ဇူလိုင် ၂၄၊ ၂၀၁၄

ရေတာရှည်မြို့ ကိုခေတ္တ ခဏရောက်ခိုက် ရေတာရှည်မြို့ မှာ တရွာဝင်တရွာထွက် ကုန်စိမ်းများလိုက်လံရောင်းချနေသူတစ်ဦးနဲ့ တွေ့ဆုံခဲ့စဉ် မေးမြန်းဖြစ်ခဲ့တာလေးတွေကိုဖောက်သည်ချလိုပါတယ်။

သူက မနက်ကို အစောကြီးထပြီး တောင်ငူကို ဆင်းကာ ကုန်စိမ်းတိုက်ရပါတယ်။ ကောက်ညှင်းပေါင်းနဲ့ ပြောင်းဖူးပြုတ်များကိုတော့ အိမ်မှာပဲ ပြုလုပ်ပြီး ရွာစဉ်လှည့်လည်ရောင်းချရပါတယ်။

 သူ့ရဲ့ ဆိုင်ကယ်ပေါ်မှာ တနိုင်ပစ္စည်းများတင်ဆောင်ပြီး ရွာစဉ်လှည့်ရောင်းချနိုင်ဖို့ အတွက် အရင်းငွေကတော့ တနေ့ကို တသိန်းတသောင်းလောက် ရင်းနှီးရပါတယ်။ အမြတ်ငွေကတော့ တနေ့တာကို ပျမ်းမျှ တသောင်းလောက်တော့ ရှိပါတယ် ။ ဒါပေမဲ့ အကြွေးက ကျတော့ အဆင်ပြေရုံပါပဲလေ ဟု တဝမ်းတခါးကို ရိုးသားစွာ ရှာဖွေနေသူ ကျေးတောသူမလေးက ရင်ဖွင့်စကားပြောကြားရင်းသူ့ရဲ့ ဈေးဆိုင်ကယ်လေးကို ကျင်လည်စွာ စီးနင်းရင်းထွက်ခွာသွားပါတော့တယ် ။

ရိုးသားစွာ လုပ်ကိုင်စားသောက်သူများအတွက် အလုပ်အကိုင် မရှားပါးကြောင်းကို တွေ့မြင်လိုက်ရသည့် အတွက် မြို့ကြီးပေါ်မှာ နေထိုင်ပြီး အလုပ်အကိုင် ရှားပါးနေသူများအတွက် သတင်းအဖြစ်တင်ပြလိုက်ပါတယ်။

2 thoughts on “ရန်နောင်(ဗိုလ်တထောင်) – ရွာစဉ်လှည့် ဆိုင်ကယ်ကုန်စိမ်းသည်

Comments are closed.