Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

မိကျောင်းကန်မြေအရေး သမ္မတလမ်းကြောင်းတွင်ဆန္ဒပြသော်လည်း တွေ့ဆုံခွင့်မရ

 

 မိကျောင်းကန်မြေအရေး သမ္မတလမ်းကြောင်းတွင်ဆန္ဒပြသော်လည်း တွေ့ဆုံခွင့်မရ
ရန်နောင်(ဗိုလ်တထောင်)၊ ဇူလိုင် ၁၅၊ ၂၀၁၄

မိကျောင်းကန်ပြည်သူများသည် မိမိတို့မြေပြန်လည်ရရှိရေးအတွက် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံနံဘေး  တိုင်းဒေသကြီးလွှတ်တော်ရှေ့၌ ဆန္ဒဖော်ထုတ်ရင်း သပိတ်စခန်းဖွင့်ထားသည်မှာ ရက်ပေါင်း ၁၁၂ ရက်ရှိပြီဖြစ်သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်ညှိုနှိုင်း ဖြေရှင်းပေးခြင်းမရှိခဲ့ချေ။ ထို့အတွက် နိုင်ငံတော်သမ္မတ နှင့် အနုပညာရှင်များတွေ့ဆုံမည့် မြန်မာငြိမ်းချမ်းရေးစင်တာ အနီးတွင်လာရောက်၍ သမ္မတ အား စောင့်ဆိုင်းကာ သူတို့ တကယ်ပိုင်ဆိုင်သော မြေပိုင်ဆိုင်မှုနှင့် ပတ်သက်သော စာရွက်စာတမ်းများအားပေးအပ်ရန် လာရောက်၍ စောင့်ဆိုင်းနေခဲ့ကြသည်။

သူတို့သည် သမ္မတအား မေတ္တာပို့ရင်း စောင့်ဆိုင်းနေသော်လည်း သမ္မတမှာ တခြားတဖက်မှရှောင်ထွက်သွားပြီး သူတို့ရှေ့မှတော့ တခြား မော်တော်ဆိုင်ကယ် အစောင့်အရှောက်များနှင့် တခြားယာဉ်တစီးသာ ထွက်ခွာသွားသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts