သတင်းပဒေသာ

ယူနတီသတင်းဂျာနယ်က သတင်းစာဆရာ ၅ ဦး ထောင် ၁၀ နှစ် ကြံ့ဖွံ့အစိုးရက ချ

ယူနတီသတင်းဂျာနယ်က သတင်းစာဆရာ ၅ ဦး ထောင် ၁၀ နှစ် ကြံ့ဖွံ့အစိုးရက ချ

မိုးမခသတင်းကောက်နုတ်ချက်၊ (ဒီဗီဘီ၊ ဘီဘီစီ တို့မှ ကိုးကားပါတယ်)

ယူနတီက တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက် ၄ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် စီချမှတ်လိုက်ပါတယ်။ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျို့ဝှက် အက်ဥပဒေ ၃/၁ က ၉ အရ နယ်မြေခံ သတင်းထောက် ဦးလူမော်နိုင်ကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကျန် ၄ ဦးကိုတော့ အက်ဥပဒေ ၃/၁ က အရ အမိန့်တွေ ချမှတ်ခဲ့တာပါ။ အဲ့ဒီ့ပုဒ်မတွေဟာ တားမြစ်ထားတဲ့ နေရာကို ကျူးကျော် ၀င်ရောက်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။ ချူပ်ရက် ခံစားခွင့်နဲ့ သက်သေခံ ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းဖို့ကိုလည်း တရားရုံးက ဆုံးဖြတ်ပါတယ်။

သတင်းထောက်လူမော်နိုင်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပြီး ယူနီတီဂျာနယ် အယ်ဒီတာ ဦးတင်ဆန်း၊ ရန်ကုန် သတင်းထောက် တွေဖြစ်တဲ့ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နဲ့ ကိုစည်သူစိုးတို့က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ သူတို့ ၅ ဦးစလုံးကို ပခုက္ကူခရိုင်တရားရုံးမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ရုံးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

 

“ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာချုပ်တို့၏ ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မကွေးတိုင်း ပေါက်မြို့နယ်ထဲက အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံကို ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် Unity အပတ်စဉ်ထုတ် ပြည်တွင်းသတင်းဂျာနယ်မှာ ရေးသားဖော်ပြခဲ့တဲ့အတွက် အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts