“ပန်းဆိုတာ ဇရာမရှိ”
မောင်စွမ်းရည်၊ ဇူလိုင် ၉၊ ၂၀၁၄
ပန်းဆိုတာ
မွှေးတာ လှတာ၊ ဘယ်ခါကစ
သိခဲ့ရသလဲ။
ပုဆိုးကွင်းသိုင်း၊ ရိုင်းတဲ့အရွယ်
ငယ်ငယ်ကပင်
လှရင်မွှေးရင်၊ ခူးလိုက်ချင်တယ်။
အမေကတား၊ အဒေါ်ကတား
အမကတား
ဘယ်သူပဲတားတား၊ တားတဲ့ကြားက
ကစားဖို့ခူးခဲ့၊ ဆူးစူးတဲ့ပန်း
ပျားတုပ်တဲ့ ပန်း၊ စူးတတ်မှန်းသိ
တုပ်တတ်မှန်းသိ၊ သိသိကြီးနဲ့
ခူးကြည့် –
စူးမိတော့ငိုတာ၊
အမေဆိုတာ၊ ရိုက်တာထက်၊
အခံရခက်တာပေါ့။
တော်တော်ကြီးလာတော့
အမြီးအတောင်တွေ တပြင်ပြင်
ကြီးကောင်ဝင်ပြီ ဆိုပါတော့
ပန်းးကိုမြင်၊ ခူးချင်ပြန်စရာ
ပန်လိုသူ ခင့်အကြိုက်
အခိုင်လိုက်ခူး၊ အခက်လိုက်ခူး
အနွယ်လိုက်ခူး၊
ချစ်ဦးသူ ပန်ရန်အသင့်
တပွင့်စီလဲသီကုံး၊
သြော်- ကျွမ်းစရာလဲကောင်း၊ ရယ်စရာကောင်းပါရဲ့
မရယ်ကောင်းတာ ရယ်မိတော့
ရယ်မိတာ လူမြင်ရင်တော့။
မြင်သူရယ်၊ မရယ်ပါနဲ့နော့။
(၂၀၁၄ မေ၁၃ )
(Photo – Aung Htet)