မှတ်စုမှတ်တမ်း ပြန်လည်ဆန်းသစ်ခြင်း

ဆဲဗင်း ဇူလိုင် ကျောင်းသားအရေးအခင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ် စာတမ်းထွက်ရှိ

ဆဲဗင်း ဇူလိုင် ကျောင်းသားအရေးအခင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ် စာတမ်းထွက်ရှိ

မိုးမခစာအုပ်စင်၊ ဇူလိုင် ၁၊ ၂၀၁၂ (မိုးမခပြန်လည်ဆန်းသစ်ခြင်း)

အင်တာနက်နှင့် အီးမေးများကတဆင့် လက်ခံရရှိတဲ့ “ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှု တရားခံဘယ်သူလဲ” အမည်နဲ့ ဆောင်းပါးကို “ဘိုးသိန်း” က ရေးသားပြီး ဖြန့်ချိလိုက်တာကို တွေ့ရပါတယ်။ ၁၉ ၆၂ ဇူလိုင်လ ၇ ရက်၊ ကျောင်းသားအရေးအခင်း နှစ် ၅၀ မြောက် ရွှေရတုအထိမ်းအမှတ် ဆောင်းပါးဖြစ်တယ်လို့ ရေးသားထားပါတယ်။

စာမျက်နှာ ၄၅ မျက်နှာရှိတဲ့ စာတမ်းမှာ စာရေးသူဟာ အဲသည်တုန်းက အသက် အစိတ်အရွယ် ဆေးသိပ္ဗံတန်း ကျောင်းသား၊ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ယခုအချိန်မှာတော့ အသက် ၇၅ နှစ်အရွယ် ရှိတဲ့ ဆရာဝန်ကြီး တဦးဖြစ်နေပြီလို့ ရေးသားထားပါတယ်။ အာဏာရှင်ခေတ်အဆက်ဆက် ကျောင်းသားအရေးအခင်းများရဲ့ သမိုင်း၊ ကျောင်းသားသမိုင်းအတွက် အထောက်အကူဖြစ်အောင် ရေးတယ်လို့ ဆိုပါတယ်။

သည်နေရာတွေမှာ ကူးယူ ဖတ်ရှု ဖြန့်ချိနိုင်ပါတယ်။

7th July 1962 – Student Uprising by Bo Thein


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

2 thoughts on “ဆဲဗင်း ဇူလိုင် ကျောင်းသားအရေးအခင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ် စာတမ်းထွက်ရှိ
  1. ဇူလိုင်၇ရက်၁၉၆၂တုန်းက အသက်က၁၇နှစ်၊ ဥပစာသိပ္ပံ(ခ)တန်းတက်နေတာတလလောက်ဘဲရှိပါသေးတယ်။
    အဲဒီနေ့က ရန်ကုန်အောင်ဆန်းကွင်းမှာဆန်စက်ပိုင်ရှင်များဖလား ရှုံးထွက်ပြိုင်ပွဲကွာတားဖိုင်နယ်ညပွဲ။ ကန်တဲ့အသင်းတွေက ရန်ကုန်တက္ကသိုလ်နဲ့ရေတပ်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဘာဖြစ်နေသလဲဆိုတာ အောင်ဆန်းကွင်းမှာရောက်နေတဲ့
    ကျုပ်တို့လုံးဝမသိခဲ့ကြပါ။ “ကောလိပ်ဂျင်”ရုပ်ရှင်မင်းသားကိုနေဝင်းက ရန်ကုန်တက္ကသိုလ်အသင်းရဲ့ဘယ်အစွန်လူ နံပါတ်၁၁။ သူကော်နာကန်ကောင်းတာနဲ့ရေတပ်ကို ၂ဂိုးဂိုးမရှိနဲ့နိုင်ပြီး ဆီးမီးဖိုင်နယ်အကြိုဗိုလ်လုပွဲတက်သွားလို့ပျော်ပျော်ပါးပါး
    အိမ်ပြန်ရောက်မှ ပစ်ခတ်ကြောင်း၊ ကျောင်းကိုရက်အကန့်
    အသတ်မရှိပိတ်ကြောင်းရေဒီယိုကကြားတာ မိဘတွေပြောလို့သိရတာ။ နောက်တနေ့မနက်အစောကြီးမှာ
    ကျောင်းသားသမဂ္ဂကိုဗုံးခွဲကြောင်းထပ်ကြားရပြီး
    ညရေဒီယိုမှာ ဗိုလ်နေဝင်းရဲ့ “ဓားကိုဓားချင်း၊ လှံကိုလှံချင်း ရင်ဆိုင်မယ်”ဆိုတဲ့လူမိုက်ဓားကြိမ်းကြိမ်းသံကိုကြားရပါတော့တယ်။
    ကျောင်းကို ရက်အကန့်အသတ်မရှိပိတ်လိုက်လို့ ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်းလည်း ဆီးမီးဖိုင်နယ်အကြိုဗိုလ်လုပွဲမကန်နိုင်တော့ဘဲ
    ထောက်ပန့်ရေးအသင်းက နောက်ဆုံးဗိုလ်လုပွဲရောက်သွားပါတယ်။
    နောက်ဆုံးဗိုလ်လုပွဲမှာကြည်းတပ်အသင်းနဲ့တွေ့တော့ ကွင်းလုံးပည့်ရောက်နေတဲ့ပရိသတ်သုံးသောင်းလောက်က
    စစ်တပ်ကိုဝိုင်းဆဲပြီးထောက်ပန့်ရေးကိုတဖက်သတ်အားပေးနေချိန်မှာ ဒိုင်လူကြီးမစ္စတာဒစ်ကမင်းက စစ်တပ်ကဘောသမားတယောက်
    လူချလို့အနီရောင်ကဒ်ပြားပြပြီးထုတ်ပစ်ချိန်မှာဝင်ကန့်ကွက်တဲ့
    တခြားဘောသမားနှစ်ယောက်ကိုပါ အနီရောင်ကဒ်ပြားပြပြီး
    ထုတ်ပစ်လိုက်တော့ စစ်တပ်အသင်း
    ရှစ်ယောက်နဲ့၁၁ယောက်ကစားရပြီး မရှုမလှရှုံးသွားရပါတော့တယ်။ ရန်ကုန်လူထုကြီးကစစ်တပ်ကိုရွံမုန်းကြီးမုန်းနေကြောင်း
    ဒီနည်းနဲ့ပြခဲ့ကြပါတယ်။ အဲဒီအချိန်ကဗိုလ်နေဝင်းမြန်မာပြည်မှာမနေရဲပါ၊
    ဆေးကုဆိုပြီးနိုင်ငံခြားမှာလေးလလောက်ရှောင်နေပြီး
    ဗိုလ်အောင်ကြီးကိုလွှဲထားကာ “ရွှေပြည်အေးသမား” လုပ်ဖို့
    တာဝန်ပေးထားခဲ့ပါတယ်။ ဗိုလ်နေဝင်းကိုဩစတြိယားနိုင်ငံ
    ဗီယင်နာမြို့မှာ အပြည်ပြည်ဆိုင်ရာကျောင်းသား
    သမဂ္ဂကျောင်းသားတွေက “လူသတ်ကောင်ထွက်သွား” ဆိုတဲ့ပိုစတာတွေကိုင်ပြီးခဲနဲ့ဝိုင်းပေါက်ကြလို့နဖူးပြဲသွားကြောင်း
    သတင်းတွေထွက်လာပါတယ်။

  2. ခေတ်မြန်မာများအတွက် ဆရာဝန်ကြီးတဦး(ဘိုးသိန်း)ရဲ့ ကိုယ်တွေ့ ကျောင်းသားသမဂ္ဂ ဗုံးခွဲဖျက်ဆီးခံရတဲ့ အမှတ်တရစာတမ်းပါလား… ။ တိကျမှန်ကန်၊ အောက်မေ့သတိရဖွယ် ဆဲဗင်းဇူလိုင် ၁၉၆၂

Comments are closed.