ဆောင်းလူ – ဟပ်မရသည့် ငါးမြှားချိတ်များ …

 ဟပ်မရသည့် ငါးမြှားချိတ်များ …
ဆောင်းလူ၊ ဇွန် ၆၊ ၂၀၁၄
 

ပုံဆိုး ပန်းဆိုး
အသားကုန် တွန့်လိမ်ပြနေတာတောင်
ဟပ်မယ့်သူမဲ့ …။

ခုလည်းကြည့် မာယာများလိုက်ပုံက
ဆတ်ကနဲ ဆတ်ကနဲ
ညူသလိုလို စူသလိုလိုနဲ့
သူ့တကွင်းပြင်လုံးခြုံကြည့်တော့ ဟပ်မရတဲ့ ငါးမြှားချိတ်တွေ ပုံလို့ …။

ဇွန် ၆၊ ၂၀၁၄
၂း၃၃ နာရီ