Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – နိုင်ငံတကာ အစားအသောက်နှင့် တည်ခင်းဧည့်ခံမှု လုပ်ငန်းဆိုင်ရာ ပြပွဲ ကျင်းပမည်

နိုင်ငံတကာ အစားအသောက်နှင့် တည်ခင်းဧည့်ခံမှု လုပ်ငန်းဆိုင်ရာ ပြပွဲ ကျင်းပမည်
ရန်နောင် (ဗိုလ်တထောင်)
မေ ၂၈၊ ၂၀၁၄
 

Food & hotel Myanmar 2014 မှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသော ထိပ်တန်း နိုင်ငံတကာအစားအသောက်နှင့် တည် ခင်းဧည့်ခံမှု လုပ်ငန်းဆိုင်ရာပွဲဖြစ်ပါတယ်။

အစားအသောက်၊ အဖျော်ယမကာ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ မုန့်ဖုတ်လုပ်ငန်းနှင့် အစားအသောက်လုပ်ငန်းသုံး ပစ္စည်းကိရိယာနှင့် ဝန် ဆောင်မှုဆိုင်ရာပြပွဲကို ၂၀၁၄ ခုနှစ် ဇွန်လ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

Food & Hotel Myanmar 2014 ပွဲကို Bangkok Exhibition Services (BES ) Ltd မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။ BES မှာ All World Exhibition အဖွဲ့၏ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး All World Exhibition မှာ အာရှ၏ နိုင်ငံတကာ အစားအသောက်နှင့် တည်ခင်းဧည့်ခံရေးလုပ်ငန်းဆိုင်ရာပြပွဲများကို ဦးဆောင်ကျင်းပသော အဖွဲ့တခုလည်း ဖြစ်ပါတယ်။

Food & Hotel Myanmar 2014 ပြပွဲဟာ မြန်မာနိုင်ငံမှာမြန်မာတွေအတွက် ကျင်းပတဲ့ ပထမဦးဆုံးသော နိုင်ငံတကာ ကုန်သွယ်ရေးပွဲ တစ်ခုဖြစ်ပါတယ်။ MCC Hall ရဲ့ အတွင်းပိုင်းရော၊ ပြင်ပနေရာမှာပါ ခင်းကျင်းပြသသွားမှာပါ။ ဒီပွဲဟာ မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ အကြီးမား ဆုံးသော ပွဲတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်က မမြင်တွေ့ဖူးလောက်အောင် များပြားတဲ့အစားအသောက်နဲ့ ဧည့်ခံမှုထုတ်ကုန်တွေ  ၊ ဝန်ဆောင်မှုတွေ ၊ အခမ်းအနားတွေကို ပါဝင်ပြသသွားမှာဖြစ်ပါတယ်။ အစားအသောက်နဲ့ တည်ခင်းဧည့်ခံမှုလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပညာရှင်တွေကို ကိုယ်တိုင်လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်ဟု Bangkok Exhibition Services (BES ) Ltd မှ အထွေထွေမန်နေဂျာ မစ္စတာဂျပ်စတင်ပေါလ်က ပြောကြားပါတယ်။

Food & Hotel Myanmar 2014  တွင် နိုင်ငံပေါင်း (၂၉ ) နိုင်ငံမှ ကုမ္ပဏီပေါင်း (၂၅၀) ကျော်ပါဝင်ကာအမှတ်တံဆိပ်ပေါင်း (၁၀၀၀) ကျော် ကို ပြသသွားမည်ဖြစ်သည်။ ဂျာမနီ၊ ကိုရီးယား၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် အမေရိကန်နိုင်ငံတို့မှ သီးသန့်နိုင်ငံတကာပြခန်းများလည်းပါဝင်မည်ဖြစ်ပါတယ်။

နိုင်ငံတကာကုမ္ပဏီတွေက ပြည်တွင်းဈေးကွက်၊ တန်ဖိုးမြှင့်တင်ရေးနဲ့ စီးပွားရေးလုပ်ငန်းတိုးတက်မှုတွေအကြောင်းကို ပိုမိုသိချင်တာ ကြောင့် မြန်မာနိုင်ငံကိုဝင်ရောက်လာချင်ကြတယ်။  ပြည်တွင်းဈေးကွက်၊ ကုမ္ပဏီတွေနဲ့ လူတွေအတွက်လည်း အကျိုးအမြတ်များစွာ ရရှိပြီး စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေရှိလာနိုင်ပါတယ် ဟု မစ္စတာဂျပ်စတင်ပေါလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အဆိုပါ Food &Hotel 2014 ပြပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ အလံပြဘုရားလမ်းပေါ်ရှိ ပတ်ရွိုင်ရယ် ဟိုတယ်တွင် ၂၀၁၄ ခုနှစ် မေလ ၂၇ ရက် နေ့လည် ၃ နာရီကကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts