Suu L Linn သတင်းပဒေသာ

သားသားရဲ့ ပြန်လာတဲ့မောင့်ချစ်သူ တေးစီးရီး ထွက်

 

သားသားရဲ့ ပြန်လာတဲ့မောင့်ချစ်သူ တေးစီးရီး ထွက်
ဆူးအယ်လ်လင်း။ ရန်ကုန် မေ ၂၀။

အနုပညာလောကတွင် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ရသည်ဆိုသည့် သားသား၏ “မောင့်ချစ်သူ Return” စီးရီးမိတ်ဆက်ပွဲကျင်းပခဲ့သည်။ မိတ်ဆက်ပွဲကို  မေလ၁၅ရက် နေ့လည်၁နာရီက ရန်ကုန်မြို့ရှိ City Star Hotel တွင်ကျင်းပခဲ့သည်။

“လူငယ်တွေရဲ့ရင်ဘတ်နဲ့ ခံစားချက်နဲ့ တိုက်ဆိုင် မှုရှိမယ်လို့ထင်ပါတယ်။” ဟုတေးစီးရီးမှာပါဝင်သည့် သီချင်းများအကြောင်းကို တေးသံရှင်ရဲရင့်အောင်က ဆိုသည်။

၎င်းတေးစီးရီးကို Bo Bo Music Production က မေလ၂၄ရက်နေ့တွင် စတင်ဖြန့်ချိသွားမည်ဖြစ်ပြီး အထူးဖြည့်စွက်မှု အနေဖြင့် ရဲရင့်အောင်နှင့် မိစန္ဒီ စသည့်အဆိုတော်များ ပါဝင်ကူညီပေးခဲ့ကြသည်။

မောင့်ချစ်သူသီချင်းကို ဆယ်တန်းနှစ်ကတည်းက ရေးသားထားခြင်းဖြစ်သည်။ ရဲရင့်အောင်၏ Mix တိတ်အခွေ တွင် Bonus အဖြစ်ထည့်ရာမှ မထင်မှတ်ဘဲ အွန်လိုင်းတွင် ပေါက်သွားခဲ့ခြင်းဖြစ်သည် ဟု တေးသံရှင် သားသားကဆိုသည်။

တေးသီချင်းပေါင်း ၁၃ ပုဒ်ပါဝင်၍ ရဲရင့်အောင်က နှစ်ပုဒ် ရေးသားပေးထားပြီး သူကိုယ်တိုင်ရေးသားထားသည့် သီချင်း ၁၁ ပုဒ် ပါဝင်သည်။ ယခုစီးရီးတွင်ပါဝင်သည့် မောင့်ချစ်သူ သီချင်းမှာ အသစ်ဖန်တီးထားခြင်းဖြစ်သောကြောင့် “မောင့်ချစ်သူ Return” ဟုပေးထားခဲ့ခြင်းဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts