မေမေ ကျေနပ်မှာပါ
ဆောင်းယွန်းလ
မေ ၁၆၊ ၂၀၁၄
ဆောင်းယွန်းလ
မေ ၁၆၊ ၂၀၁၄
illustration Toni Demuro
ဘယ်နေ့လဲလို့
မေးလာတဲ့
မေးခွန်းအထပ်ထပ်ပေါ်မှာ
ညနက်နက်တွေကို
အိပ်ဆေးသောက်ဖျောက်ထားခဲ့ရင်း
ကိုယ့်ချဉ်ခြင်းကိုယ်
အိပ်မက်ထဲမှာ အကျဉ်းချထားခဲ့မိပါတယ်..
မေးလာတဲ့
မေးခွန်းအထပ်ထပ်ပေါ်မှာ
ညနက်နက်တွေကို
အိပ်ဆေးသောက်ဖျောက်ထားခဲ့ရင်း
ကိုယ့်ချဉ်ခြင်းကိုယ်
အိပ်မက်ထဲမှာ အကျဉ်းချထားခဲ့မိပါတယ်..
ကုန်လွယ်ပြီး ရခဲတဲ့
ဘ၀ထဲက ရက်စွဲတွေကို
ကိုယ်တိုင်ပဲ
ခက်ခက်ခဲခဲ ကြိုးမိန့်ချခဲ့မိပါတယ်…
အိမ်ကိုမြန်မြန်ပြန်ရောက်နိုင်မယ့်
အဝေးပြေးလမ်းတွေ
အရင်ကထက် ပိုပေါက်လာခဲ့ကြတယ်…
အိမ်ကိုတော့
တခေါက်မှ ပြန်မရောက်ဖြစ်ခဲ့ဘူး…
အသံတွေကို အမြန်နှုန်းနဲ့ပို့ပေးနိုင်မယ့်
အဝေးပြောစံနစ်တွေ
အရင်ကထက် ပိုသစ်လာခဲ့ကြတယ်…
အိမ်ကိုတော့
တနှစ်မှ အသံတွေပြန်မပို့ဖြစ်ခဲ့ဘူး…
ကိုယ်တိုင်ပြန်မရောက်ဖြစ်တဲ့
နှစ်တွေနဲ့
အသံတွေပြန်မပို့ဖြစ်တဲ့
ခေတ်တခုရဲ့ကြားမှာ
မေတ္တာစစ်တဲ့ အချစ်တွေမခြားခဲ့သလို
သံယောဇဉ်တွေလည်း မခြားခဲ့ပါဘူး မေမေ…။