ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

ချမ်းမြ (မိုးမခအထောက်တော်) – စစ်တပ်ပိုင်သိမ်းထားတဲ့ လယ်မြေတွေအတွက် ပေါင်းတည်မှာ ဆန္ဒပြ

စစ်တပ်ပိုင်သိမ်းထားတဲ့ လယ်မြေတွေအတွက် ပေါင်းတည်မှာ ဆန္ဒပြ
ချမ်းမြ (မိုးမခအထောက်တော်)
မေ ၁၃၊ ၂၀၁၄

 

 

မေလ ၉ ရက်နေ့ ပြည်ခရိုင် ပေါင်းတည်မြို့၊ မနက် ၈ နာရီတွင် တောင်သူလယ်သမားများက လယ်ယာမြေများသိမ်းဆည်မှုကြောင့် ဆန္ဒ ဖော်ထုတ်နေသည်ကို သိရသည်။ ပေါင်းတည်မြို့ ပေါက်တောကျေးရွာ လယ်မြေဧက ၈၀ ကျော်ကို ခမရ (၁၀) တပ်ရင်းက သိမ်းဆည်း ထားမှုကြောင့်  မေလ ၇ ရက်နေ့မှာ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုမိန့်တင်ခဲ့ပြီး ခွင့်ပြုမိန့်ရရှိခဲ့သည်။ ပေါင်းတည်မြို့ ပေါက်တော် ကျေးရွာနဲ့အတူ သဲကုန်းမြို့ အောင်ကုန်းကျေးရွာ၊ သင်းတော်ကျေးရွာ လယ်သမားများပါဝင် ဆန္ဒဖော်ထုတ်၍ လူအင်အား (၁၅၀) ကျော်ရှိသည်။ ဦးစိုးလွင်နေအိမ်၊ မှတ်တိုင်လမ်း၊ ဘွဲ့ပင်ကန်ရပ်ကွက်မှာ လူစုခဲ့ပြီး မှတ်တိုင်လမ်းအတိုင်း လမ်းလျှောက်ပြီး ဘုရာကြီး မြို့လည်တွင် ရပ်ကာ ဆန္ဒဖော်ထုတ်ကြောင်းသိရသည်။

ကြွေးကြော်သံတွေက  ခမရ (၁၀) တပ်ရင်းတည်ဆောက်စဉ် သိမ်းဆည်းထားသော လယ်မြေများ  အမြန်ပေးရေး၊ မတရားသိမ်းဆည်းထား သော ပေါက်တောကျေးရွာ တောင်သူများ၏ လယ်မြေများစိုက်ပျိုးရာသီ အမှီပြန်ပေးရေး။ ပညာရေးဌာနမှ သိမ်းဆည်းထားသော လယ်မြေများ မှုလပိုင်ရှင်ပြန်ပေးရေး၊ သမဌာနမှ သိမ်းဆည်းထားသော လယ်မြေများ မှုလပိုင်ရှင်ထံ ပြန်ပေးရေး။ တောင်သူလယ်သမား အကျိုးစီးပွား အကာအကွယ်ပေးရေး။ လယ်သမားထု ပြဿနာအား လစ်လျှုရှုထားသော အစိုးရ အလိုမရှိ၊ လယ်ယာမြေအား အဓမ္မသိမ်း ဆည်းခဲ့သော စစ်တပ်၊ ဌာနဆိုင်ရာ၊ ခရိုနီ အလိုမရှိ၊ သဲကုန်းမြို့ လယ်သမား ကိုပေါက်စအား အမြန်းဆုံးလွှတ်ပေးရေးဟု ကြွေးကြော် ကြောင်းသိရှိရသည်။

ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သည့် သဲကုန်းမြို့ လယ်သမား ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ ခ ဖြင့် တရားစွဲခံရသော ဒေါ်ညိုက လယ်သမားတွေ ဒုက္ခအကြီးအကျယ်ရောက်နေတယ်။ လယ်ယာမြေပြန်မပေးတဲ့ ဒုက္ခ၊ ထောင်ချတဲ့ ဒုက္ခ၊ မတရားသိမ်းဆည်းထားတဲ့သူတွေက ပြည်သူတွေ ရဲ့အကျိုးစီးပွားဖျက်ဆီးနေတာ လယ်သမားတွေကို ဒုက္ခပေးနေတာ သိသိနဲ့ သူတို့တွေကိုတော့ ၅၀၅ ခ နဲ့ တရားမစွဲဘူး ကျွန်မတို့ကိုတော့ တရားစွဲတယ်။ အစိုးရတစ်ရပ်အနေနဲ့ လယ်သမားတွေရဲ့ အကျိုးစီးပွားကို ဘယ်နေရာမှာကာကွယ်ပေးတာလဲ ဟုပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts