Maung Swan Yi ကဗျာ

မောင်စွမ်းရည် – မိခင်များနေ့ ပူဇော်သီကုံးသော ရှစ်လုံးဘွဲ့ကဗျာ

မိခင်များနေ့ ပူဇော်သီကုံးသော ရှစ်လုံးဘွဲ့ကဗျာ
မောင်စွမ်းရည်
မေ ၁၂၊ ၂၀၁၄
 
(၁) 
မာတာပီတ၊ အနန္တဂုဏ်ရည်
မြင့်မိုရ်နှင့်နှိုင်း၊ ဂုဏ်လှိုင်းဝေစီ
ငါးဖြာအနန္တ၊ ဗုဒ္ဓဂုဏ်ရည်
ကြာမုံဖူး တင်ဦး အဉ္စလီ။

(၂) 
ကိုးလမက၊ ဆယ်လလွယ်လျှင်
ပူစပ်ငန်းခါး၊ အစားဆင်ခြင်
ထိုင်ထလာသွား၊ နေနား လေးပင်
အာဝေဏိက၊ မိဒုက္ခ၊ များလှ အိုမိခင်

(၃)
 သွေးနီရဲက၊ ချိုမြဖြူစင်
မေတ္တာဖန်ဆင်း၊ သန့်ရှင်းဖွေးလွင်
မွေးစရင်းသွေး၊ တိုက်ကျွေးမိခင်
အနန္တ ကြီးစွ တို့ဂုဏ်အင်။

(၄) 
တားမြစ်မကောင်း၊ ကောင်းမြတ်ထူးချွန်
ရင်းနှီးပေးထ၊ သင်ပြတတ်ပွန်
ဖခင်လက်ဆွဲ၊ ယှဉ်တွဲလမ်းညွှန်
မိဖ၀တ် မချွတ်မြတ်တာဝန်

(၅) 
မိခင်များနေ့၊ ယနေ့ဦးတင်
မိခင်ဂုဏ်ထူး၊ အထူးဆင်ခြင်
သမီးသားတို့၊ ၀ပ်တွားတူယှဉ်
ဦးနှိမ်ချ၊ အနန္တကျေးဇူးရှင် ဒို့မမေ့ မွေးမေ့များဂုဏ်အင်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts