Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

အခြေခံအလုပ်သမား တနေ့လုပ်ခ ကျပ် ၅၆၀၀ လိုချင်တယ် (မေဒေးနေ့မှာ တောင်းဆိုဆန္ဒပြ)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အခြေခံအလုပ်သမား တနေ့လုပ်ခ ကျပ် ၅၆၀၀ လိုချင်တယ် (မေဒေးနေ့မှာ တောင်းဆိုဆန္ဒပြ)
ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခဓာတ်ပုံသတင်း၊ မေ ၆၊ ၂၀၁၄
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ အလုပ်သမားနေ့ တွင် အလုပ်သမားများ၏ အနည်းဆုံးလုပ်ခလစာ ၅၆၀၀ နေ့စားခ ရရှိရေးအတွက် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ ထိုဆန္ဒထုတ်ဖော်ပွဲ ကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများကွန်ရက်မှ ဦးဆောင်၍
မေလ ၁ ရက် (မေဒေးနေ့ ) ၌ ရန်ကုန်မြို့လည်တွင်၊ နံနက် ၁၁ နာရီ အချိန် မှစတင်ကာပြုလုပ်ခဲ့သည် ။
ပူပြင်းလှသောနေရောင်အောက်တွင် ဆန္ဒပြလူအုပ်ကြီး သည် အပူဒဏ်ကိုအံတုကာ ကြွေးကြော်သံများသံပြိုင် ဟစ်ကြွေး၍ မဟာဗန္ဒုလပန်းခြံလမ်းမှစတင်ကာ မဟာဗန္ဓုလ လမ်းမကြီးပေါ် တလျှောက် ၊ထိုမှတဆင့်  ပန်းဆိုးတန်းလမ်းသို့  ကွေ့ကာ ကုန်သည်လမ်း၊ဆူးလေဘုရားလမ်း၊ထိုမှတဆင့် ဆူးလေဘုရားအား တပတ်ပတ်ကာ ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့ကြသည် ။
( ရှေ့နေ ဦးဌေး )
 အလုပ်သမားတွေရဲ့ အဓိကပြဿနာက အခြေခံလုပ်ခလစာပါ ။ ဥပဒေပြဌာန်းပြီးပါပြီ ။ ဒါကိုအစိုးရအနေနဲ့ မြန်မြန်လုပ်ဖို့ပါ ။ အချိန်တစ်လနောက်ကျရင် အလုပ်ရှင်တွေ သိန်းရာနဲ့ချီပြီးဆုံးရှုံးနိုင်သလို အလုပ်သမားတွေလည်းဒုက္ခရောက်နိုင်ပါတယ် ။ ဒီပြဿနာကို ဖြေရှင်းဖို့ အစိုးရမှာ တာဝန်ရှိပါတယ်  ဟု အလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေး  က ပြောပြခဲ့ပါတယ် ။
( ဖိနပ်စက်ရုံအလုပ်သမား မသိင်္ဂီ)
ကျွန်မက  မာစတာစပေါ့ ဖိနပ် စက်ရုံကပါ ၊ ကျွန်မတို့ စက်ရုံမှာ အလုပ်သမား ရှစ်ရာလောက်ရှိပါတယ် ၊ အခုကျွန်မတို့ တစ်နေ့ကို လုပ်ခ တစ်ထောင့်နှစ်ရာပဲ ရပါတယ် ။ ကျွန်မက အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့က
ခေါင်းဆောင်တစ်ယောက်ပါ  ဟု ဖိနပ်စက်ရုံအလုပ်သမား မသိင်္ဂီက ပြောပြခဲ့ပါသေးသည် ။

 

အလုပ်သမားအရေးဆန္ဒပြသူများသည် တနေ့ရှစ်နာရီ အနည်းဆုံးလုပ်ခ (၅၆၀၀) ရရှိရေး ၊ အမြဲတန်းအလုပ်သမားများကို လစားအလုပ်သမားအဖြစ် သတ်မှတ်ရေး ၊အလုပ်သမားများကို တဖက်သတ်အလုပ်ထုတ်မှု ရပ်ဆိုင်းရေး ၊  အလုပ်သမားအားလုံးသွေးစည်းညီညွတ်ရေး၊ အခြေခံဥပဒေပုဒ်မ ၄၃၆ပြင်ဆင်ရေး ၊ ၅၉ (စ ) ပြင်ဆင်ရေး ၊ ၂၆၁ပြင်ဆင်ရေး ၊ ၄၁၈ ပြင်ဆင်ရေး ၊၆ ( စ) ၊၁၇ ( ခ )၊ ၆၀ ( ခ ) ပြင်ဆင်ရေး အစရှိသည်ဖြင့် ကြွေးကြော်သံ ကိုးချက်ဖြင့် စီတန်းလှည့်လည်ခဲ့ကြသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts