လင်းနွေးအိမ် – “ဗမာပြည်သားတွေရဲ့ ဘဘ”

“ဗမာပြည်သားတွေရဲ့ ဘဘ”

လင်းနွေးအိမ်၊ ဧပြီ ၁၉၊ ၂၀၁၄

 

ဘဘရေ

ကျနော်တို့တွေ မိုင်ထောင်ချီဝေးနေပေမယ့်

ကမ္ဘာအနှံ့မှာပြန့်နေတဲ့ကျနော်တို့နား-မျက်စိတွေအားလုံး

ရန်ကုန်ဆေးရုံကြီးကလာမယ့် သတင်းနဲ့ဓါတ်ပုံတွေကို စက္ကန့်သံတိုင်းမှာစောင့်နေတယ်။

 

 

ဘဘနှလုံးမှာစက်တပ်ထားရသလို

ကျနော်တို့အားလုံးရဲ့နှလုံးသားမှာလဲ စက်သံတွေဆူညံနေတယ်။

 

 

ဘဘကျောက်ကပ်ဆေးရပေမယ့်

ဘဘရဲ့မကြောက်တတ်တဲ့စိတ်ကို ဆေးလို့မရဘူးဆိုတာယုံတယ်။

 

 

ညောင်စေ့လောက်လှူပြီး ညောင်ပင်လောက်တောင်းနေကြသူတွေထဲမှာ

ဘဘဟာ ညောင်ပင်လောက် လှူပေမယ့် ညောင်စေ့တောင်မတောင်းဆိုတာ

၂၁ ရာစုဗမာ့သမိုင်းမှာ ငြင်းစရာမရှိဘူး။

 

 

ဗီယက်နမ်မှာ ဟိုချီမင်းကို “ဦးလေးဟို” လို့ခေါ်ကြသလို

ကျနော်တို့ဗမာပြည်မှာ “ဘဘ” ဆိုတာ “ဟံသာဝတီဦးဝင်းတင်” ပဲဖြစ်တယ်။

 

မလွတ်မြောက်သေးတဲ့ဗမာပြည်သားတွေရဲ့ဘဘဟာ ဦးဝင်းတင်ပဲဖြစ်တယ်။

 

 

ဧပြီ ၁၈ ရက် ၂၀၁၄ (သရုပ်ဖော် – လင်းနွေးအိမ်)