ခင်လွန်း – တည်ရှိခြင်း၏ အဓိပ္ပါယ်

တည်ရှိခြင်း၏ အဓိပ္ပါယ်
ခင်လွန်း
ဧပြီ ၁၈၊ ၂၀၁၄
 
 
မိုးကောင်းကင်မှာ
ငါတို့ရဲ့အရုပ်တွေကို ရေးသွားကြတယ်
မင်း၊ ငါ၊ သူ၊ သူများ…
တယောက် တလှည့်စီ ကြည့်ကြ။
အရောင်အမျိုးမျိုးသုံးလို့
အလင်းအမှောင် အထူအပါး
အနီးအဝေး ….
ဓမ္မဆရာကြီးဟာ
စုတ်ချက်တွေ ပိုင်နိုင်လွန်းလှ။
သေချာတာက
အမိအရ အသေအချာမသိလိုက်ခင်
ဒို့ပုံတွေ ပျောက်သွားပါရောလား…။ ။
ခင်လွန်း
နံနက် ၆း ၅၅ 
ဧပြီ ၁၈ ရက်၊ ၂၀၁၄

3 thoughts on “ခင်လွန်း – တည်ရှိခြင်း၏ အဓိပ္ပါယ်

  1. မပျောက်စေဘူး..ကိုခင်လွန်းရေ….မပျောက် အောင် ကျိုးစားကြမယ်…ဆရာကြီးဦးဝင်းတင်ရဲ့  သံမဏီစိတ်ဓါတ်ကို
    နှလုံးသွင်းပြီး ရှေ့ ဆက်ကြမယ် ကိုခင်လွန်း…….အားပေးလျှက်…….၊၊

    1. ကျေးဇူးတင်ပါတယ်ဦးမောင်မောင်လတ်ခင်ဗျာ …

  2. ကျေးဇူးတင်ပါတယ်ဦးမောင်မောင်လတ်

Comments are closed.