Memories

Mon Oo Myay – Remembering Waugh Colleen QSM

မြန်မာ့အရေး ရပ်တည်သူ အမေ ဒေါ်ကော်လင်း ကွယ်လွန်ခြင်း

မွန်ဦးမြေ၊ နိုဝင်ဘာ ၂၊ ၂၀၁၃

 (Obituary of WAUGH Colleen QSM)

 

(Photo – WAUGH Gordon & Colleen)

အမေ ဒေါ်ကော်လင်း QSM (ဘုရင်မကြီး၏ အမှုတော်ထမ်းကောင်း ဆုတံဆိပ်ရ) သည်၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းတွင် လူကြီးရောဂါဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားပါသည်။ အမေ့အတွက် ဆုတောင်းပွဲနှင့် နောက်ဆုံး နှုတ်ဆက်ပွဲကို အောက်ပါ အစီအစဉ်အတိုင်းပြုလုပ်မည် ဖြစ်ပါသောကြောင့် အမေ့ကိုချစ်သော မိတ်ဆွေများကိုဖိတ်ခေါ်ပါသည်။

နေရာ။    Morrison Funeral Home:- 220 Universal Drive, Henderson, Auckland. (Ph. 09-836-0029)

နေ့ စွဲ။    ။ ၂၀၁၃ ခု၊ နိုဝင်ဘာလ၊ ၅ ရက်နေ့  (အင်္ဂါနေ့ )။ Tuesday, 5th November 2013

အချိန်။   ။ နံနက် ၁၀း၀၀ နာရီ တိတိမှာစမည်။ 10:00 PM (Sharp)

အမေ့အတွက် အောင့်မေ့ဘွယ်ရာ

အမေဟာ အဖ အိုင်ရာလန်လူမျိုးနှင့် မြန်မာမိခင်ကြီးတို့ မှ ရန်ကုန်အင်းစိန်မှာ ၁၉၃၀ခု စက်တင်ဘာလ ၃ ရက်နေ့ တွင် မွေးဖွား ခဲ့ပါသည်။ ဖခင်မှာ မီးရထားအရာရှိကြီးဖြစ်သည်ကြောင့် မြန်မာပြည်အနှံ့ နေထိုင်ခဲ့ဘူးပါသည်။ ဌင်းနောက် ရန်ကုန်မြို့ စင်းဒ၀ဒ် လမ်း တွင်အခြေချနေထိုင်ခဲ့ပြီး၊ အနီးရှိ ဂျူဘလီဟောတွင် ဂရိတ်ဦးဖိုးစိန်ကြီး၏ ကပွဲတိုင်း လက်မလွတ်ကြည့်ခဲ့ပါသည်။

ရတနာနတ်မယ် (ဦးနေ၀င်း၏မယားပြိုင်)နှင့် ၀င်းမင်းသန်း(ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး) တို့ နှင့် ကျောင်းနေဘက် ဖြစ်ပြီးအားကစား ရွှေတံဆိပ်ဆုများကို ဘီအေကွင်း (ယခုအောင်ဆန်းကွင်း) မှ မကြာခနရရှိခဲ့သည်ကြောင့် အားကစားဖြင့် ကျော်ကြားခဲ့ပါသည်။ စိန်ဂျွန်း မိန်းခလေးကျောင်းမှ အထက်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်အတွင်းဝန်ရုံးကြီးတွင် လက်ရေးတို လက်နှိပ်စက် ကျွမ်းကျင်သူအဖြစ် အလုပ်လုပ်ခဲ့ပါသည်။

၎င်းနောက်ဝန်ကြီးအဆက်ဆက်၏ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့ပြီး၊ လုပ်ငန်းကောင်းမှတ်တန်းများကြောင့် နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်း၊ ၀န်ကြီးချုပ်ဦးနုတို့ ၏လက်ရေးတို ကိုယ်ရေးအရာရှိအဖြစ်အမှုထမ်းခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်ကြောင့် မိသားစုနှင့်အတူအိန္ဒိယသို့ တိမ်းရှောင်ခဲ့ပြီး၊ ဌင်းနောက် နယူးဇီလန်သို့ အခြေချနေထိုင်ခဲ့ပါသည်။ များမကြာမှာ  (ကွယ်လွန်သူ Mr Gordon Waugh 12 Feb. 2013) နှင့်အိမ်ထောင်ကျပြီး နှစ်ဦးသဘောတူ မြန်မာလူမျိုး မည်သူ့ ကိုမဆို အတတ်နိုင်ဆုံးကုညီခဲ့ပါသည်။

မြန်မာပြည်တွင် စစ်အစိုးရ၏မတရား သတ်ဖြတ်မှုကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပြီး၊ ရဟန်းရှင် ပြည်သူလူထုနှင့် ကျောင်းသားအရွယ်လူမယ်လေးများကအစသတ်ဖြတ်ခံရခြင်းကို ရင်ထုမနာ နာကြီးကား ကျန်ရစ်သော အနာတရမြန်မာပြည်သူများအား ကူညီရန် (မြန်မာ-နယူးဇီလန်မိတ်ဆွေဖြစ်အသင်း) ကို အမေ ကိုယ်တိုင်မတည်၍ ထူထောင်ခဲ့သည်၊ ကူညီခဲ့သည်။ ကူညီရေး ဆေးပစ္စည်းများ၊ လူသုံးအဆောင်များ၊ အ၀တ်အစားများကို မနားမနေစုဆောင်ပြီး ကွန်တိန်နာများဖြင့်ရန်ကုန်အရောက် သံရုံးများ အကူအညီယူကာ ပို့ ဆောင်ခဲ့ခြင်းကြောင့် အထက်တွင်ရေးထားသော ဘုရင်မကြီး၏ အမှုတော်ထမ်းကောင်း ဆုတံဆိပ်ရရှိခဲ့သည်။



၎နောက် ၁၉၉၉ ခုနှစ်နောက်ပိုင်း နယူးဇီလန်သို့ ရောက်ရှိလာသော မြန်မာ့ဒုက္ခသည်များမှစပြီး ယနေ့ ဘ၀တပါးသို့  နောက်ဆုံးပြောင်းသွားခါနည်းအထိ မငြီးမငြူ တပ်နိုင်သည့်ဘက်က ကူညီစောင့်ရှောက်ခဲ့ပါသည်။ နောက်ဆုံးအချိန်အထိ အမေ ပြောသွား  စကားမှာ – ထာဝရ FREE AUNG SAN SUU KYI တဲ့ …

ဘဂ၀ါဘုရာ့း စက်ပျံ နိဗ္ဗာန်ကောင်းကင်စခန်းပေပေါ့၊ 

ပါဒနက်သန် ဗိမာန်ကျောင်းသင်္ခမ်းတွင်မှ – – – – –

(အိုကွယ့် အမေရယ်) အပေါင်းဘ၀င်ချမ်းစေဖို့ 

အကောင်းတမင် မှန်းမှန်းပြီး၊

ဒေါင်းအဆင်ဆန်းတွေနဲ့  ပ၀ါအလံထူတဲ့

အမေ Colleen ကောင်းရာသုဂတိလားပါစေ သောဝ်

သခင်ကိုယ်တော်မှိုင်း – သပြေနုချိန် မှကူးယူပါသည်။ အထက်ပါ ပိုစတာလည်း ခွင့်မပန်ဘဲအသုံးပြုမိသည်ကိုခွင့်လွှတ်ပါရန်။ (မွန်ဦးမြေ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts