ကဗျာ အောင်ဝေး

အောင်ဝေး – ခြင်္သေ့နီ

ONLY ONE BUT A LION
(သံ ပြိုင် ဆို  ဟံ သာ ၀ တီ ဦး ၀ င်း တ င်  ဘွဲ့ ရဲ ချ င်း )
ခြေ င်္သ့ နီ
အောင်ဝေး
ဧပြီ ၅၊ ၂၀၁၄

အမေကမွေး၊ ထောင်ကကျွေး

လာမယ့်ဘေး – ပြေးတွေ့ 

တစ်ကောင်တည်းပဲ

ဒါပေမဲ့ – ခြင်္သေ့တဲ့ဟေ့။

ဟံသာဝတီ၊ ခြင်္သေ့နီ

ဧရာဝတီ၊ ခြင်္သေ့နီ

ဒီမိုကရေစီ၊ ခြင်္သေ့နီ

အောင်ဆန်းစုကြည်၊ ခြင်္သေ့နီ။

ပြည်သူ့သွေးနဲ့ 

စွေးစွေးနီနီ၊ N L D ရဲ့

နီနီရဲရဲ၊ ခြင်္သေ့ပဲဟေ့။

နီနီမောင်းမောင်း၊ ခွပ်ဒေါင်းသွေးနဲ့ 

ရဲရဲမြန်းမြန်း၊ “ဆန်း” ရဲ့ သွေးနဲ့ 

စွေးစွေးမှိုင်းမှိုင်း၊ “မှိုင်း” ရဲ့ သွေးနဲ့ 

စွေးစွေးရဲရဲ၊ ခြင်္သေ့ပဲဟေ့။

လူလည်း မလဲ၊ စိတ်လည်း မလဲ

နေလည်းရဲရဲ၊ သေလည်းရဲရဲ

ခြင်္သေ့ပဲဟေ့။

တိုက်ပွဲနီနီ၊ ခြင်္သေ့နီ

အောင်ပွဲသို့ချီ

တို့ – ခြင်္သေ့နီ။    ။

ေ အ ာ င္ ေ ၀ း

( ၄ – ၄ – ၁ ၄ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts