ဓာတ်ပုံသတင်း

NLD ခေါင်းဆောင် ဦးဝင်းတင် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေ

NLD ခေါင်းဆောင် ဦးဝင်းတင် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေ

ဓာတ်ပုံသတင်း။ မတ် ၃၀၊ ၂၀၁၄

NLD ပါတီ၏ နာယက လူကြီး၊ သတင်းစာဆရာကြီး ဦးဝင်းတင်သည် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေဆဲဖြစ်သည်။ အပေါ်ပုံမှာ ယနေ့ နေ့ခင်း ၁းဝဝ နာရီခန့်က အထူးကြပ်မတ်ကုသဆောင်ရှေ့တွင် တွေ့ရသော ဒီမိုကရေစီအရေး လှုပ်ရှားသူတချို့ နှင့် စာနယ်ဇင်းသမားတချို့ဖြစ်သည်။  ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ သတင်းမေးသူများ၊ ဦးဝင်းတင်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးသူများကို ထိုနေရာတွင် တွေ့ရမည်ဖြစ်သည်။

ကျန်းမာရေး အခြေအနေ စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည့် ဦးဝင်းတင်သည် သတိ ကောင်းစွာ ရနေကြောင်း၊ ဆရာဝန်ကြီးများက အထူး ဂရုပြု ကုသပေးနေကြောင်း သိရသည်။ (ဓာတ်ပုံ – ညွန့်ထွေး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts